ဧရာဝတီတိုင်းမ်
ဇွန်လ ၉ ရက်

မြန်မာပဋိပက္ခ အဆုံးသတ်စေရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ဆောင်ဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားခေါင်းဆောင်တွေက အာဏာသိမ်းစစ်ကောင်စီကို မနေ့က တိုက်တွန်းခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ နှစ် ရက်ကြာ မလေးရှားခရီးစဉ်အတွင်း အခုလို ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဝီဒိုဒိုဟာ ဇွန်လ ၇ ရက်က ကွာလာလမ်ပူမြို့တော်သို့ ရောက်ရှိလာခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည် ငြိမ်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အင်ဒိုနီးရှားဟာ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအ ဖွဲ့ရဲ့ လက်ရှိဥက္ကဌဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဉီးဟာ မြန်မာနိုင်ငံရဲ့ မကြာသေးမီက အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး အကြမ်းဖက် မှုတွေ တိုးလာတာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ ဖော်ဆောင်ဖို့ အန်ဝါနဲ့ဝီဒိုဒိုက မြန်မာစစ်ကောင်စီ ကို တောင်းဆိုခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်ဖြစ်တယ်ဆိုတာ ထပ် လောင်းအတည်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီး ဘရူနိုင်းနိုင်ငံက အာဆီယံဥက္ကဌဖြစ်ချိန် အာဆီယံအဖွဲ့က ဘုံသဘောတူညီချက် ၅ ရပ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ အခြေအနေ ပုံမှန်ပြန် ဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; Malaysian, Indonesian leaders call on Myanmar junta to implement peace plan

#Ayeyarwaddy_Times