ဧရာဝတီတိုင်းမ်
ဇွန်လ ၉ ရက်

လစ်သူယေးနီးယားနိုင်ငံ ဗီလ်နီးယပ်မြို့တော်မှာပြုလုပ်မယ့် လာမယ့် နေတိုးထိပ်သီးဆွေးနွေးပွဲမှာ အမေ ရိကန် အပါအဝင် မဟာမိတ်အဖွဲ့ဝင်တွေက လုံခြုံရေးအာမခံချက်တွေ မပေးနိုင်ဘူးဆိုရင် ရုရှားနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က ဆန္ဒအလျောက် ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ်နိုင်တယ်လို့ နေတိုးအ ဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်း အန်ဒရေဖိုရက်စ်မူဆင်က ပြောကြားလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က ယူကရိန်းကိုကူညီဖို့ ရှင်းလင်းတဲ့နည်းလမ်းတစ်ရပ် သဘောမတူနိုင်ပေမယ့် အချို့ကို ယူကရိန်းကိုကူညီဖို့ ရုရှားကို အရေးယူနိုင်တယ်လို့ သည်ဂါးဒီးယန်းသတင်းစာမှာ သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံက တစ်ဖြည်းဖြည်း နေတိုးအဖွဲ့သို့ ပူးပေါင်းဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူတယ်လို့ လက်ရှိ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘတ်ဂ်က ပြောကြားခဲ့ပါတယ်။

အရေးကြီးဆုံးတာဝန်မှာ ယူကရိန်းက လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ဖို့သာဖြစ် တယ်လို့ နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ မကြာသေးမီက ကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးမှာ သူက ပြောပါတယ်။

“စစ်ပွဲ ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ အနာဂတ်မှာ ယူကရိန်းနိုင်ငံရဲ့ လုံခြုံ ရေးကို အာမခံပြီး ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုသံသရာ အဆုံးသတ်စေမယ့် ယုံကြည်လောက်တဲ့ သဘော တူညီချက်တွေ ကျွန်တော်တို့မှာရှိပါတယ်” လို့ သူက ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မယ့် နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်း နေတိုးအဖွဲ့ ဝင်ဖြစ်ရေးကိစ္စရပ်ကို ဆွေးနွေးမယ်လို့ ယုံကြည်တယ်လို့ နေတိုးအဖွဲ့ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဉီးဆောင် ခဲ့တဲ့ အန်ဒရေဖိုရက်စ်မူဆင်က ပြောပါတယ်။

“ကျွန်တော် အရှေ့ဉရောပခေါင်းဆောင်များစွာနဲ့ စကားပြောဆိုခဲ့ဖူးပြီး နိုင်ငံအများစုက ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်စေလိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – The Washington Times
Ref; Some nations could send troops to defend Ukraine, says ex-NATO chief

#Ayeyarwaddy_Times