ဧရာဝတီတ်ိုင်းမ်
ဇွန်လ ၉ ရက်

ဧရာဝတီတ်ိုင်း၊ လေးမျက်နှာမြို့နယ်တွင် ဖမ်းဆီးခံရသည့် ဒေသခံ ၆ ဦးထက်မနည်းသည် ယနေ့အချိန်အထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

၎င်း ဒေသခံများသည် ပြီးခဲ့သည့် မေလ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင် PDF နှင့်ပတ်သတ်သည့်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသူများ ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသည် ဒေသခံများမှာ စိန်တောင်ကျေးရွာ၊ စောပြာကျေးရွာ၊ ကျောင်းကွင်းကျေးရွာ၊ ကွင်းကြီးကျေးရွာနှင့် လဲခုံကြီးကျေးရွာများက ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

“တိုင်းစီမံချက်နဲ့ဖမ်းတယ် ဆိုပြီးလာဖမ်းတာ။ အ​တော်များများပါသွားကြတာ မြင်လိုက်ရတယ်။ ဒီနေ့အထိလဲ ဘယ်မှ မေးလို့မရဘူး။ ဘယ်မှာ စစ်ဆေးနေတယ်ဆိုတာကိုမသိရတော့ သူတို့ရဲ့မိသားစုတွေကလည်း အရမ်းစိတ်ပူနေကြတာပေါ့” လို့လေးမျက်နှာမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။

ထို့အပြင် လေးမျက်နှာမြို့နယ်၊ ကတက်ကုန်းအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်​​ရေးမှူး အောင်ဆန်းမြင့်၊ ဘိသလွန်အုပ်ချုပ်ရေးမှူး သန်းဇော်နှင့် ကရင်တောကျေးရွာ ရာအိမ်မှူးသိန်းဦး တို့ကလည်း ဒေသခံများအား PDF နှင့်ပတ်သက်သည်ဟု ဆိုကာ သတင်းပေးတိုင်ကြားမှုများပြုလုပ်သလို နေ့စဥ် ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

#လေးမျက်နှာ #PDFနဲ့ပတ်သတ် #စွပ်စွဲ #ဒေသခံ၆ဦးထက်မနည်း #မိသားစုနှင့်အဆက်အသွယ်ပြတ် #Ayeyarwaddy_Times