ဧရာဝတီတိုင်းမ်
ဇွန်လ ၉ ရက်
ဧရာ၀တီတိုင်း လပွတ္တာမြို့နယ်မှာ ဇွန်လ ၈ ရက်နေ့က မှိုချက်စားမိတဲ့ အမျိုးသမီး ၂ ဦး အစာအဆိပ်သင့်တာကြောင့် အရေးပေါ်ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်လိမ်အောက်ကုန်းရွာမှာနေထိုင်တဲ့ အမျိုးသမီး ၂ ဦးဟာ မှိုချက်စားရာကနေ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာကြောင့် ၃ မိုင်ဆေးရုံကို ပို့ဆောင်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“မှိုစားပြီးတော့ဘယ်လိုအဆိပ်သင့်တယ်မသိဘူး၊ အန်ကုန်ကြပြီး သတိလစ်ကုန်ကြတာ။ မှိုတိုင်း စားလို့ရတာမဟုတ်ဘူးအလေ့ကျ ပေါက်တဲ့မှို က အဆိပ်ရှိတတ်တယ် “လို့ လပွတ္တာမြို့က လူမှုကူညီရေး အသင်း အဖွဲ့၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မှိုအဆိပ်သင့်သူများကို လပွတ္တာ ၃မိုင်ဆေးရုံကို အချိန်မှီပို့ဆောင်မှုကြောင့် အသက်သေဆုံးမှုမရှိပဲ အမျိုးသမီးနှစ်ဦးကိုလက်ရှိမှာ ကုသနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က လပွတ္တာမြို့နယ်၊ အနောက်သိုင်းချောင်းကျေးရွာမှာ ဘဲသားချက်စားရာက ကလေး ၄ ဦးအဆိပ်သင့်ကာ ၂ ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဓာတ်ပုံ-Heart Laputta
#လပွတ္တာ #မှိုစားမိတဲ့ #အမျိုးသမီးနှစ်ဦး #အစာအဆိပ်သင့် #ဆေးရုံတင်ထားရ #Ayeyarwaddy_Times