ဧရာဝတီတိုင်းမ်
ဇွန်လ ၉ ရက်
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရပ် ဆိုင်းရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက နိုင်ထက်စီးနင်း အစီအမံတွေ အသုံးပြုနေတယ်လို့ သူက ဆိုပါတယ်။
“မြန်မာနိုင်ငံရဲ့အခြေအနေတွေက ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ တပ်ဖွဲ့တွေကို ညွှန်ကြားခဲ့ တဲ့ မင်းအောင်လှိုင်ဟာ အခုဆိုရင် အရပ်သားတွေကို တိုက်ခိုက်နေပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ အခြား အခြေခံအခွင့်အရေးတွေ ငြင်းဆန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ဉီးဆောင်နေပါတယ်” လို့ သူက ပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မကြာမီ မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည် ၁၁၄၀ ဉီးကို ရှေ့ပြေးစီမံကိန်းအနေနဲ့ နေရပ်ပြန်ပို့တော့မှာဖြစ်ပြီး ဒီနှစ်အကုန်မှာ ရိုဟင်ဂျာ ၆၀၀၀ ကို နေရပ်ပြန်ပို့မှာဖြစ်ပါတယ်။
နေရပ်ပြန်ပို့မယ့်အစီအစဉ် ငြင်းဆန်သူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးတာ၊ အထောက် အထားတွေ သိမ်းဆည်းတာနဲ့ အခြားပုံစံတွေနဲ့ လက်တုံ့ပြန်တာတွေ ပြုလုပ်ခဲ့ပါတယ်။
“နေရပ်ပြန်ဖို့ သဘောတူတဲ့ ရိုဟင်ဂျာတွေကို ငွေအမြောက်အများပေးတယ်ဆိုတဲ့ သတင်းတွေလဲ ထွက် ပေါ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ ကြေးကို တစ်ရက်မှာ သုည ဒသမ ၂၇ ဒေါ်လာအထိ ဖြတ်တောက်ပေမယ့် အခုလို ငွေပေးပြန်ဖို့ ကတိတွေပြုလုပ် တာဖြစ်ပါတယ်” လို့ အန်ဒရူးက ပြောပါတယ်။
ရှေ့ပြေးစီမံကိန်းအရ ရိုဟင်ဂျာဒုက္ခသည်တွေကို ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် မီးလောင်ပြာကျသွားတဲ့ သူတို့ရဲ့ ဇာတိကျေးရွာတွေကို ပြန်ဖို့ခွင့်ပြုမှာမဟုတ်ပါဘူး။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ မတ်လအတွင်း မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေကို ဒုက္ခသည်စ ခန်းများသို့ သွားရောက်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
“လက်ရှိအခြေအနေအရ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်နိုင်ပြီး ရိုဟင်ဂျာတွေ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ ချိုးဖောက်ခံရတာတွေ ဖြစ် လာနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို တောင်းဆိုတယ်လို့ အန်ဒရူးက ပြောပါတယ်။
ကိုးကား – https://www.ohchr.org
Ref; Bangladesh must suspend pilot project to return Rohingya refugees to Myanmar: UN expert