ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဇွန်လအစပိုင်းက စတင်ပြီး နေ့စဥ် ယာဥ်ထိန်းတပ်ဖွဲ့များက မြို့တွင်းနေရာပေါင်းစုံမှာဆိုင်ကယ်တွေကို အပြစ်ရှာဖမ်းဆီးပြီးငွေတောင်းယူမှုတွေများလာတယ်လို့သိရပါတယ်။

ဇွန်လ ၈ ရက်နေ့ မြို့တော်ခန်းမရှေ့မှာ ဆိုင်ကယ် စီးသူများဘက်က အားလုံးပြည့်စုံပေမယ့် ဆိုင်ကယ်မှာ ထီးအမိုးတပ်ထားခြင်း၊ ထီးဆောင်းမောင်းနှင်သူများနဲ့ နောက်က ထိုင်သူထီးဆောင်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးငွေတောင်းခံနေတယ်သိရပါတယ်။

” မိုးတွေရွာနေလို့နောက်က လူကဆောင်းပေးပြီးမောင်းလာတာ ခရာမှုတ်ပြီးဖမ်းတော့ ဦးထုတ်၊လိုင်စင်အကုန်ပြတာ ထီးဆောင်းမောင်းလို့ဆိုပြီး ငွေတောင်းတယ် ဥပဒေကို ကိုင်ပြီးလိုသလိုလုပ်နေ ကြတာ”လို့ ပုသိမ်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခုလို မိုးတွင်းမှာ ဆိုင်ကယ်များ မောင်းနှင်ရာမှာအမိုးတပ်ခြင်း၊ ထီးဆောင်းခြင်းများမပြုလုပ်ဖို့ လိုက်လံကြေငြာခြင်းမရှိပဲ ဒဏ်ငွေ တစ်သောင်းခွဲကနေသုံးသောင်းအထိ အမျိုးမျိုးတောင်းခံနေတာလို့ မြို့ခံတွေကပြောပါတယ်။

ပုသိမ်မြို့မှာ မနက် ၇ နာရီ အချိန်က စတင်ပြီး လမ်းဆုံလမ်းဂွနဲ့ မြို့တွင်းနေရာတွေကို လိုက်လံပြီး ဖမ်းဆီးနေတာဖြစ်ပြီး တရား၀င် ဒဏ်ငွေ ချလံဖြတ်တာထက် အပြီးဆိုပြီးတောင်းယူတာပိုများတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပုံအဟောင်းအားပြန်လည်အသုံးပြုထားပါသည်။
#ပုသိမ်မှာ #ဆိုင်ကယ်စီးသူများကို #အပြစ်ရှာဖမ်းဆီး #စစ်ကောင်စီတပ် #ငွေ၃၀၀၀၀ထိတောင်းယူနေ
#Ayeyarwaddy_Times