ဧရာဝတီတိုင်းမ်
ဇွန်လ ၈ ရက်

မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနဲ့ မလေးရှား အပါအဝင် အိမ်နီးချင်း အာဆီယံတိုင်းပြည်များသို့ ထွက်ပြေးလာ ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များအရေး ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အင်ဒိုနီးရှား ပင်လယ်ရေကြောင်း လုံခြုံ ရေးအေဂျင်စီနဲ့ မလေးရှား ပင်လယ်ရေကြောင်းအေဂျင်စီတို့က သဘောတူလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များအရေးဟာ အင်ဒိုနီးရှားနဲ့ မလေးရှားကြား ဘုံပြဿနာတစ်ခု ဖြစ်နေဆဲလို့ ၂၀၂၃ ခုနှစ် အာဆီယံကမ်းခြေစောင့်တပ်ဖွဲ့များ ဖိုရမ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှား ပင်လယ်ရေကြောင်း လုံခြုံ ရေးအေဂျင်စီ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အန်းကူနီယာက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များအရေး ကိုင်တွယ်ဖြေရှင်းရာမှာ မလေးရှားအပြင် သက်ဆိုင်သူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

“ရိုဟင်ဂျာတွေပါတဲ့စက်လှေဟာ ကမ်းခြေအနားရှိနေရင် ဒါမှမဟုတ် စက်လှေက ထိခိုက်ပျက်စီးရင် လူ သားချင်းစာနာမှု စည်းမျဉ်းတွေအရ သူတို့ကိုကူညီရမှာ ကျွန်တော်တို့ရဲ့တာဝန် ဖြစ်ပါတယ်” လို့ သူက ပြောပါ တယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာအသိုင်းအဝိုင်းကို တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတွေ အစု လိုက်အပြုံလိုက်ထွက်ပြေးမှုတွေ ဆက်လက်ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည် ၉၀၀၀၀၀ ကျော် ရှိခဲ့တယ် လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မှတ်တမ်းတင်ခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ သြစတြေးလျနဲ့ နယူးဇီလန်လိုမျိုး အခြားတိုင်းပြည်တွေမှာ ခိုလှုံခွင့်တောင်း ခံဖို့ အန္တရာယ်များသော ပင်လယ်ပြင်ခရီးဖြင့် မကြာခဏဆိုသလို သွားရောက်ကြပါတယ်။

မကြာခဏဆိုသလို ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့စက်လှေတွေ အင်ဂျင်ပျက်တာနဲ့ ထိခိုက်ပျက်စီးတာ ကြောင့် ရိုဟင်ဂျာဒုက္ခသည်တေွ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံမှာ သောင်တင်တာတွေ ဖြစ်လာကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်များအရေးကို အတူတကွ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း မလေးရှား ပင်လယ် ရေကြောင်းအေဂျင်စီ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆိုင်ဖူလီဇန်ဘင်အီဘရာဟင်က ပြောပါ တယ်။

“အင်ဒိုနီးရှားနဲ့မလေးရှားကြား ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့် ရိုဟင်ဂျာဒုက္ခသည်များအရေးကို အ တူတကွ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Antara News
Ref; Indonesia, Malaysia agree to jointly address Rohingya refugee issue

#Ayeyarwaddy_Times