
ဓာတ်ပုံ-မီးလောင်ပြာကျသွားသည့်(စရဖ)ရုံး
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်
ရေဖြူမြို့နယ်၊ စစ်ထောက်လှမ်းရေးရုံး(စရဖ) ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်က ဖောက်ခွဲခံရပြီး စစ်ကောင်စီတပ်တွေ မီးမငြိမ်းသတ်ရဲတာကြောင့် မီးလောင်ပြာကျသွားတယ် လို့ ရေဖြူမြို့ ဒေသခံတဦးဆီက သိရပါတယ်။
အဆိုပါ ရုံးဖောက်ခွဲခံရချိန်မှာ (စရဖ) ရုံးမီးလောင်ပြာကျပြီး ရုံးအတွင်း လူမရှိတာကြောင်း တစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိသလို ဘေးပတ်ဝန်းကျင်တော့ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူးဘူးလို့ ရေဖြူမြို့ခံများထံကသိရပါတယ်။
“ဗုံးခွဲတိုက်ခိုက်ခံရပြီး ရုံးမီးလောင်နေပေမယ့် ဘယ်သူမှ မီးမငြိမ်း သတ်ရဲလို့ အုတ်ခဲတွေပဲ ကျန်ခဲ့တော့တယ်။ဖောက်ခွဲခံရတဲ့ စရဖ ရုံးကို မင်းမင်း ဆိုတဲ့ စစ်တပ်သတင်းပေးလည်း သွားပြီး သတင်းအမြဲပေးတယ် ။ဆန္ဒပြတဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရှိတယ်။ အရင်က သူ့အိမ်ရှေ့ ရပ်ထားတဲ့ အိမ်စီးကား အပစ်ခံရတယ် မှန်တွေ ပျက်စီးသွားတယ်။ အခုတော့ ရပ်ကွက်ထဲ မနေရဲတော့ပဲ အဲဒီညမှာပဲ ရေဖြူ အနောက်ဖက်ကမ်း မှာ သွားနေတယ်သိရတယ်” လို့ ရေဖြူမြို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ယခင်ကလည်း ရေဖြူမြို့ (စရဖ)ရုံးအနီး လဝက ရုံးနဲ့ ပညာရေးမှူးရုံးတို့လည်း ဗုံးခွဲတိုက်ခိုက်ခံရသေးတယ်လို့ ဒေသခံများထံက သိရပါတယ်။ ထို့ပြင် အခင်းဖြစ်ပွားချိန် သစ်တောအရာရှိအိမ်လည်း ခြောက်လှန့်ပစ်ခတ်ခံခဲ့ရ လို့ ညတွင်းချင်းပဲ သစ်တောအရာရှိထားဝယ်ပြောင်းသွားတယ် လို့ ရေဖြူဒေသခံအချို့ရဲ့ ပြောဆိုချက်တွေအရ သိရှိရပြီး အဆိုပါလုပ်ဆောင်ချက်ဟာ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ သီးခြားထုတ်ပြန်ထားတာ မတွေ့ရပါဘူး။