ကျော်လင်း/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ ဆားဈေးထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ဒေသခံ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

ဆားဈေးထက်ဝက်ကျော် ကျဆင်းလာတာဟာ စစ်ကောင်စီလက်ထက် လုပ်ငန်းတွေလုပ်လို့အဆင်မပြေလို့ ကျဆင်းတာရှိသလို မိုးရွာသွန်းတာတွေကြောင့် ပျက်စီးခဲ့လို့ ဆားထွက်နှုန်းမကောင်းတာတွေကြောင့်လည်း ပါတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ ဆားထွက်နှုန်းက ဒေသအပေါ်မူတည်ပြီး ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်လျော့သွားတယ်၊ ဆားတကယ်ထွက်မယ့် ဧပြီလထဲ ရွာတဲ့မိုးကြောင့် ဆားထွက်နှုန်းသိသိသာသာလျော့နည်းသွားတာ”လို့ ဆားလုပ်တောင်သူတဦးက ပြောပါတယ်။

ဆားထွက်နှုန်းကျဆင်းမှုတွေကြောင့် ဆားအကြမ်း ၁ ပိဿာကို ပုသိမ်မြစ်ကမ်းပေါ်အရောက် ဈေး ၁၄၀ ကျပ်ထိကျဆင်းပြီး ဆားအချော ပိဿာ ၃၀ ပါ တအိတ်ကို ရန်ကုန်ပွဲရုံဈေး ၇၈၀၀ ကျပ်သာရရှိတယ်လို့ ဆိုပါတယ်။

ဆားထွက်နှုန်းများတဲ့ ဧပြီလထဲမှာ မိုးရွာသွန်းမှုတွေကြောင့် ဆားထွက်နှုန်းမှာ ယခင်နှစ်က တန်ချိန် ၄၀ အထိ ထွက်ရင် ဒီနှစ်မှာ ၂ သိန်းလောက်ပဲ ထွက်တော့တယ်လို့ ဆားလုပ်တောင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နေလှန်းဆားချက်လုပ်ငန်းကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ပင်လယ်ဆားချ်ကလုပ်ငန်းတွေ အများဆုံးလုပ်ကိုင်ပြီး အဲ့ဒီတိုင်းနဲ့ ပြည်နယ်တွေထဲမှာ ဧရာဝတီတိုင်းက ဆားအများဆုံး ထွက်တဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။