ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

ရုရှားအစိုးရက မြန်မာစစ်တပ် မှာယူထားတဲ့ Su-30 ဂျက်တိုက်လေယာဉ်ခြောက်စင်းအနက် နှစ်စင်းကို ပေးပို့လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကတည်းက Su-30 ဂျက်တိုက်လေယာဉ်နှစ်စင်း မြန်မာနိုင်ငံကို ပေးပို့ ခဲ့တာဖြစ်ပေမယ့် အခုမှသတင်းထုတ်ပြန်တာပါ။=Su-30 ဂျက်တိုက်လေယာဉ်နှစ်စင်းကို လက်ရှိမှာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းဒေသတွေအ ထိ တပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်တဲ့ နေပြည်တော်မှာထားရှိပါတယ်။

အာမခံကာလအတွင်း မြန်မာလေတပ်ဖွဲ့ကိုကူညီဖို့ Su-30 ဂျက်တိုက်လေယာဉ်တပ်ဖွဲ့နဲ့အတူ ရုရှား နည်း ပညာကျွမ်းကျင်သူတွေနဲ့ လေ့ကျင့်ပေးသူတွေပါ စေလွှတ်ထားပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာခရီးစဉ်အတွင်း လေကြောင်း ရန်ကာကွယ်ရေးစနစ်တွေ၊ ယာဉ်တွေကို မြန်မာနိုင်ငံကို ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။

Su-30 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူရေးစာချုပ်ကို ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူရဲ့ ၂၀၁၈ ခု နှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ ကာကွယ်ဖို့နဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ ရုရှားနိုင်ငံရဲ့ Su-30 ဂျက်တိုက်လေယာဉ်တွေက မြန်မာလေတပ်ဖွဲ့အတွက် ပင်မတိုက်လေယာဉ်တွေ ဖြစ်လာမယ်လို့ အဲဒီအ ချိန်က ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင်က ပြောခဲ့တယ်လို့ မော်စကိုမြို့တော်အခြေစိုက် TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကိုးကား – The Defence Post
Ref; Russia Delivers First Two of Six Su-30 Fighters to Myanmar