နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)/ဇွန်လ ၇ ရက်

ဧရာဝတီတိုင်း မအူပင်မြို့တွင် ငလျင်လှုပ်သဖြင့် အဆောက်အဦးပြိုကျကာ သီလရှင်တစ်ပါးနှင့် အမျိုးသမီးကြီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ ငလျင်လှုပ်တာ (၅)ကြိမ်ရှိပြီ မိုးကုပ်ဝိပသာနာ တရားပြတဲ့ကျောင်းဆောင်ဘက်ကအဆောက်ဦးတော့ပြို

ကျသွားတယ် အသက် (၆၀)လောက်ရှိတဲ သီလရှင်ဆရာကြီးတပါးလည်းပျိုကျတဲ့ အဆောက်အဦးပိပြီး သေဆုံးသွားတယ်။ အမျိုးသမီးကြီးတစ်ဦးနဲ့ဆိုရင် လက်ရှိသိရသလောက် နှစ်ယောက်သေသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသော်လည်း ယခု ငလျင်သည် ထိခိုက်ပျက်စီးမှု များကြောင်းနှင့် အခိုင်အမာ အဆောက်ဦးအပြင် ရွှေဘုန်းမြင့်ဘုရာရားစေတီ ငှက်မျက်နားတော်လည်း ယိုင်လဲ သွားခဲ့ကြောင်း သိရသည်။

#မအူပင် #ငလျင် #အဆောက်အဦးပြို #သီလရှင်တစ်ပါးနှင့် ##အမျိုးသမီးကြီးတစ်ဦးသေဆုံး
#Ayeyarwaddy_Times