ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်

ပထမဆုံးသော ပြည်တွင်းဖြစ် အသံထက်မြန်သောဒုံးကျည်ကို အီရန်နိုင်ငံက ထုတ်ဖော်ပြသလိုက်တယ် လို့ သိရပါတယ်။

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က မနေ့ကပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြည်တွင်းထုတ် အသံ ထက်မြန်သောဒုံးကျည်ကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

အဆိုပါဒုံးကျည်က မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင် ပစ်ခတ်နိုင်ကာ မည်သည့် ဒုံးခွင်းစနစ်ကိုမဆို ထိုးဖောက်နိုင်စွမ်းရှိတယ်လို့ အီရန်တပ်မှူးတစ်ဉီးက ပြောကြားခဲ့ပါတယ်။

အသံထက်မြန်သောဒုံးကျည် ထုတ်လုပ်ရေးနည်းပညာကို ပြည်တွင်းမှရရှိခဲ့တာဖြစ်ပြီး ဘယ်လို ခြိမ်း ခြောက်အနိုင်ကျင့်မှုကမှ အီရန်နိုင်ငံရဲ့ ဒုံးကျည်အစီအစဉ်ကို ရပ်တန့်စေမှာမဟုတ်ဖူးလို့ သမ္မတ အီဘရာဟင်ရိုင် ဆီက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အီရန်ပြည်တွင်းထုတ် အသံထက်မြန်သောဒုံးကျည်ဟာ အသံထက် ၁၅ ဆမြန်ပြီး ကီလိုမီတာ ၁၄၀၀ အ ထိ ရောက်ရှိနိုင်တာကြောင့် ရန်ဘက် အစ္စရေးနိုင်ငံအထိ ပစ်ခတ်နိုင်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါ တယ်။

နျူကလီးယား အစီအစဉ်ကြောင့် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေရှိလင့်ကစား အီရန်နိုင်ငံက ဒုံး ကျည်ထုတ်လုပ်မှု ဆက်လက်ပြုလုပ်နေပါတယ်။

အီရန်နိုင်ငံက ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ကီလိုမီတာ ၂၀၀၀ အထိ ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်သစ် တစ်မျိုး ထုတ်ဖော်ပြသခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ ဒုံးကျည်အစီအစဉ်က ပြိုင်ဘက် အစ္စရေးနိုင်ငံကို အမျက်ထွက်စေပြီး ဒေသတွင်းမှာ တင်းမာ မှုတွေ မြင့်တက်စေနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Iran unveils its first domestic hypersonic missile

#Ayeyarwaddy_Times