ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ ရပ်ကွက်တစ်ချို့မှာ စစ်ကောင်စီခန့် ရာအိမ်မှုးများက သန့်ရှင်းရေးကြေးဆိုပြီး နေအိမ်များကို လိုက်လံကောက်ခံမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမှာ အပတ်စဥ် စစ်ကောင်စီခန့် ရာအိမ်မှူးတွေက သန့်ရှင်းရေးအကြောင်းပြပြီး နေအိမ် တစ်အိမ်ကို ငွေ ၅၀၀ ကျပ်ထိကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ရာအိမ်မှုးတွေ၊ ဆယ်အိမ်မှုးတွေက အပတ်တိုင်း လမ်းသန့်ရှင်းရေးလုပ်ဖို့ဆိုပြီး လိုက်ကောက်နေတာပဲ ပြီးတော့ ဘာမှလဲလုပ်တာမတွေ့ဘူး”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အပါတ်စဥ်ရပ်ကွက်တိုင်းမှာ သန့်ရှင်းရေးလုပ်ဖို့ စစ်ကောင်စီက ညွန်ကြားထားတဲ့အပေါ်အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံရာအိမ်မှုးတွေက တစ်အိမ်ကို ၅၀၀ ကျပ်အနည်းဆုံးကောက်ယူနေတာလို့ ဒေသခံတွေကပြောပါတယ်။
ပုသိမ်မြို့မှာ အပတ်စဥ်စနေနေ့တိုင်း စစ်ကောင်စီက ဌာနဆိုင်ရာ၀န်ထမ်းတွေကို မြို့ပေါ်နေရာတွေမှာ အမှိုက်ကောက်၊ သန့်ရှင်းရေးတွေပြုလုပ်ခိုင်းတာကြောင့်၀န်ထမ်းတွေ မကျေနပ်မှုတွေ ရှိနေတယ်လို့သိရပါတယ်။
#ပုသိမ် #ရပ်ကွက်တစ်ချို့ #ရပ်ကွက်ရာအိမ်မှူးများမှသန့်ရှင်းရေးကြေးဆိုပြီး #လိုက်လံကောက်ယူမှုများရှိနေ