ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်
ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံကို တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အခြားလိုအပ်ချက်တွေ ထောက်ပံ့ပေးဖို့ ထပ်တိုးအကူအညီ ဒေါ်လာ ၂ သန်း ပံ့ပိုး ကူညီဖို့ ဂျပန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဟာ မေလ ၁၄ ရက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ ပြီး လေပြင်းနဲ့ ရေဘေးကြောင့် အနောက်ပိုင်းဒေသတွေမှာ ပမာဏကြီးမားသော ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။
စစ်တပ်ရဲ့ဖိနှိပ်မှုတွေ ခံနေရတဲ့ ရိုဟင်ဂျာမူဆလင်တွေ အများစုနေထိုင်ရာ မြန်မာနိုင်ငံအနောက်ပိုင်း ရ ခိုင်ပြည်နယ်ဟာ မုန်တိုင်းဘေးအသင့်ဆုံးပြည်နယ် ဖြစ်ခဲ့ပါတယ်။
ငွေကြေးအကူအညီကို မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ထောက်ပံ့ပေးသွားမယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီယိုရှီမာဆာက ဇွန်လ ၆ ရက်မှာ သတင်း ထောက်တွေကို ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ အကူအညီကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းတွေမှ တစ်ဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။
ဂျပန်အစိုးရက မြန်မာနိုင်ငံရှိ မုန်တိုင်းသင့်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှာဖြစ် သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီ ဆက်လက်ပေးအပ်မယ်လို့ ဟာယာရှီက ပြောပါတယ်။
ကိုးကား – NHK
Ref; Japan to give $2 mil. aid to help people affected by cyclone hitting Myanmar