ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ စစ်ကောင်စီကဖွင့်လှစ်တဲ့ စာသင်ကျောင်းအတွက် ဆရာ ဆရာမ အင်အားမလုံလောက်တာကြောင့် ငှားရမ်းစာသင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဆရာ ဆရာမ အင်အားမလုံလောက်တာကြောင့် ဆွဲခန့် ဆရာ ဆရာမများခန့်ပြီး လစာပေးဖို့အတွက် ကျောင်းသား မိဘများဆီက လစဥ် တစ်ဦးကို ၁၅၀၀ ကျပ် ကောက်ခံဖို့အကြောင်း ဇွန်လ ၃ ရက်နေ့က အစည်းဝေးမှာပြောဆိုခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
” ဆရာ ဆရာမ မရှိတော့ သူတို့အနေနဲ့ ငှားပြီးကျောင်းဖွင့်ရမယ်၊ ဒါကို မိဘတွေအနေနဲ့လည်း ဝိုင်းပြီး လစာထောက်ပံ့ ပေးရမယ်ဆိုပြီးပြောတာ”လို့ ဒေသခံကျောင်းသား မိဘ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီအာဏာမသိမ်းခင်ကပင် ရွှေသောင်ယံ အထက်တန်းကျောင်းမှာ ဆရာ ဆရာမ အင်အားမလုံလောက်တဲ့ပြသနာတွေရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း CDM ပါဝင်သွားတဲ့ ဆရာ ဆရာမတွေနေရာ အစားမထိုးနိုင်သေးတာကြောင့် ခုလိုမျိုး အင်အားလိုအပ်ချက်ပြသနာတွေပိုများလာတာဖြစ်မယ်လို့ ဆိုပါတယ်။
ဆွဲခန့် ဆရာ ဆရာမများအတွက် လစာငွေကို ငွေးကြေးတက်နိုင်တဲ့ ကျောင်းသား မိဘတွေကို တစ်လကို ၁၅၀၀၀၊ ၂၀၀၀၀ ကောက်ခံပြီး ငွေကြေးမတက်နိုင်တဲ့ မိဘတွေကို အနည်းဆုံး ၁၅၀၀ ပေးရမယ်ဆိုပြီး သတ်မှတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
#ရွှေသောင်ယံ #စစ်ကောင်စီ #ဆရာဆရာမမလုံလောက်
#ဆွဲခန့်ဆရာမများ #မိဘများထံ #လစဥ်ကြေးကောက်ခံဖွင့်လှစ်
#Ayeyarwaddy_Times