ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်
အငြင်းပွားဖွယ်ရာ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်အရ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရဲ့ဆန္ဒကိုဆန့်ကျင် ပြီး နေရပ်ပြန်မပို့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကတိပြုလိုက်တယ်လို့ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။
“နေရပ်ပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ရှင်းလင်းပြတ်သားတဲ့ အ ချက်အလက်တွေ ရရှိသင့်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်တစ်ခု သွားရောက်ပြီးနောက် ကု လသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက်မဟာမင်းကြီး ကယ်လီကလီးမန့်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
“လက်ရှိအခြေအနေအရ ရိုဟင်ဂျာဒုက္ခသည်တွေကို အဓမ္မ နေရပ်ပြန်ပို့တာ မလုပ်ဆောင်သင့်ပါဘူး” လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့သာမက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ ကယ်လီကလီးမန့်က ဆိုပါ တယ်။
လက်ရှိမှာ ကုလသမဂ္ဂက လူမျိုးသုဉ်းသတ်ဖြတ်မှုသံသယနဲ့ စုံစမ်းစစ်ဆေးနေတဲ့ မြန်မာနိုင်ငံအနောက် ပိုင်း ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာသူ အများစုဖြစ်တဲ့ ရို ဟင်ဂျာတစ်သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။
ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) လိုမျိုး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မှု တွေရှိလင့်ကစား ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာတို့က ရိုဟင်ဂျာဒုက္ခသည် ၁၁၇၆ ဉီးကို နေရပ်ပြန်ပို့ဖို့ ရှေ့ပြေးစီမံကိန်း တစ်ရပ် သဘောတူခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာ အဓမ္မမဟုတ်ဘဲ ဆန္ဒအလျောက်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။
နေရပ်ပြန်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဖို့ အဓမ္မ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ ပါ ဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
ကိုးကား – AFP
Ref; Bangladesh promises no forced return of Rohingya refugees to Myanmar: UN