ဧရာဝတီတိုင်းမ်
ဇွန်လ ၇ ရက်

ကုလသမဂ္ဂ အထွေထွေညီလာခံကိုယ်စားလှယ်တွေက လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင် တွေအဖြစ် စတင်တာဝန်ယူမယ့် ငါးနိုင်ငံကို ရွေးချယ်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းမဟုတ်တဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အယ်လ်ဂျီးရီးယား၊ ဂိုင်ယာနာ၊ ဆီအဲရာလီယွန်၊ ဆလိုဗေးနီးယားနဲ့ တောင်ကိုရီးယားနိုင်ငံတို့က လာမယ့်နှစ်အတွက် သူတို့ရဲ့သက်တမ်းကို စတင် တာဝန်ယူတော့မှာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံဟာ နှစ်စဉ် ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံပါ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျနေ ရာ ၅ နေရာကို မဲပေးရွေးချယ်ပါတယ်။

အရှေ့ဥရောပအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နေရာကို ရုရှားမဟာမိတ် ဘီလာရုစ်ကိုယ်စား ဉရောပ သမဂ္ဂအဖွဲ့ဝင် ဆလိုဗေးနီးယားနိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံက အာရှ-ပစိဖိတ်ဒေသအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နေရာအ တွက် တောင်ကိုရီးယားနိုင်ငံကို ရွေးချယ်ခဲ့ပါတယ်။

တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရွေးချယ်ခံရတာကို နိုင်ငံတ ကာဥပဒေချိုးဖောက်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပမာမခန့်ပြုမှုတွေကို အရေးယူဖို့ အသုံးချသွားမယ်လို့ ကုလ သမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး ဟွန်ဂျွန်ကော့ခ်က ပြောပါတယ်။

မြောက်ကိုရီးယားစုံထောက်တွေ ပြန်ပေးဆွဲခဲ့တဲ့ ပြည်သူတွေရဲ့ကိစ္စရပ်လိုမျိုး လူ့အခွင့်အရေးဆိုင်ရာ လုံ ခြုံရေးကောင်စီရဲ့ အစည်းအဝေးတွေ ပြန်လည်ကျင်းပဖို့ ဂျပန်နဲ့ အမေရိကန်လိုမျိုး တိုင်းပြည်တွေနဲ့အတူ သံတ မန်တွေက လက်တွဲဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ ဝင်နိုင်ငံအချို့က မတူညီသော အမြင်တွေရှိတာကြောင့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ထပ်တလဲလဲ ချိုးဖောက်မှုကို အရေးယူရာမှာ တစ်သံတည်းထွက်ဖို့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က လုပ်ဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – NHK
Ref; UN elects Security Council members

#Ayeyarwaddy_Times