ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်

အာရှ-ပစိဖိတ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေစဉ် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ တောင်ကိုရီးယားရေတပ်တွေနဲ့အတူ မိမိရေပိုင်နက်အတွင်း နိုင်ငံစုံရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့် မှုတစ်ခု စတင်လိုက်ပါတယ်။

ကိုမိုဒိုစစ်ရေးလေ့ကျင့်မှုဟာ ကမ္ဘာ့နိုင်ငံ ၃၆ ခုမှ ရေတပ်တွေကြား ဆက်ဆံရေးတိုးမြှင့်ဖို့ရည်ရွယ်တဲ့ စစ်ပွဲ မဟုတ်သော စစ်ရေးလေ့ကျင့်မှုတစ်ခုလို့ အင်ဒိုနီးရှားရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ထိုင်ဝမ်ကျွန်းဝန်းကျင်၊ တောင်တရုတ်ပင်လယ်နဲ့ အနောက်ပိုင်း ပစိဖိတ်ဒေသမှာ မကြာခဏဆိုသလို မ ဟာမိတ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မှုနဲ့အတူ တရုတ်နဲ့အမေရိကန်ကြား ဒေသတွင်း စစ်ဘက်ဆိုင်ရာ သံတမန်ရေး တင်းမာမှုတွေဖြစ်နေစဉ် အခုလို နိုင်ငံစုံစစ်ရေးလေ့ကျင့်မှု ပြုလုပ်တာပါ။

ထိုင်ဝမ်ရေလက်ကြားအတွင်း အမေရိကန်ဖျက်သင်္ဘောတစ်စင်းနဲ့ တရုတ်စစ်သင်္ဘောတစ်စင်း ခေါင်းချင်း ဆိုင် တိုက်လုနီးပါးဖြစ်ပွားပြီးနောက် အင်ဒိုနီးရှားနိုင်ငံက စစ်ရေးလေ့ကျင့်မှု စတင်လိုက်တာပါ။

ကိုမိုဒိုစစ်ရေးလေ့ကျင့်မှု စတင်ချိန် မနေ့က တရုတ်နဲ့ရုရှားအပါအဝင် နိုင်ငံစုံက စစ်ရေယာဉ် ၁၅ စင်းက ဆူလာဝေစီကျွန်းမှာ ကျောက်ချခဲ့တယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောပါတယ်။

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုသို့ ပဲ့ထိန်းဒုံးကျည်တွေတပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတစ်စင်းနဲ့ ဖရီး ဂိတ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြခဲ့ပါတယ်။

ဒီနှစ် ကိုမိုဒိုစစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံက လက်ခံပြုလုပ်တဲ့ စတုတ္ထ မြောက် နိုင်ငံစုံ ရေတပ်ဆိုင်ရာလေ့ကျင့်မှုဖြစ်ပါတယ်။
ကိုးကား – CNA
Ref; Indonesia kicks off multilateral naval exercise amid Asia-Pacific tension
#Ayeyarwaddy_Times