ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်

အရပ်သားတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုတဲ့ မြန်မာနိုင်ငံရဲ့ သေနတ်ပိုင်ဆိုင်ခွင့် မူဝါဒသစ်ကြောင့် တိုင်းပြည်တွင်း ပဋိပက္ခကို အခြေအနေပိုဆိုးလာစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်ဥပဒေက အာဏာသိမ်းစစ်ကောင်စီလိုလားတဲ့ အဖွဲ့တွေကို ရဲဆေးတင်းပေးတာ ဖြစ်ပြီး သွေးထွက်သံယိုမှုတွေက ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် မြန်မာနိုင်ငံရဲ့ လိုအပ်နေတဲ့ ကယ်ဆယ် ရေးလုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

မြန်မာစစ်တပ်ဟာ စစ်မြေပြင်အသီးသီးမှာ အတိုက်အခံတွေကို ချေမှုန်းသုတ်သင်ဖို့ ဖိအားတွေ ကြုံတွေ နေရချိန် ပြီးခဲ့တဲ့လအတွင်း သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ ပြင်ဆင်လိုက်တာဟာ တိုက်ခိုက်ခံရမှာ ကြောက်ရွံ့နေတဲ့ စစ်ကောင်စီ ထောက်ခံသူတွေကို ရဲဆေးတင်ပေးဖို့ရည်ရွယ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သေနတ်ကိုင်ဆောင်ခွင့် ဥပဒေသစ်က အာဏာသိမ်းစစ်ကောင်စီဟာ အာဏာဆုပ်ကိုင်ဖို့ ဖိအားတွေ ကြုံ တွေ့နေရတယ်ဆိုတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ မျက်နှာစာပေါင်းစုံမှာ မကြုံစဖူး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအင်စတီကျု့ (IISS) အရှေ့တောင်အာရှ နိုင်ငံရေးနှင့် နိုင်ငံခြားမူဝါဒဆိုင်ရာ အကြီးတန်း သုတေသီ အေရွန်ကွန်နယ်လီက ပြောပါတယ်။

“လက်နက်ကိုင်ဆောင်ခွင့်ဥပဒေသစ်ဟာ PDF တွေဆီကနေ ပြန်လည်သိမ်းယူထားတဲ့ နယ်မြေတွေကို ကာကွယ်နိုင်ဖို့ စစ်ကောင်စီ ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးမယ့် ဉပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း တစ်ရပ် ဖန်တီးတာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သေနတ်တွေ အသုံးပြုဖို့ ဘယ်သူက အမှန်တစ်ကယ် လိုအပ်တယ်ဆိုတဲ့ မေးခွန်းတွေ မေး စရာရှိနေဆဲလို့ ISEAS မြန်မာလေ့လာရေးအစီအစဉ်မှ အကြီးတန်းသုတေသီ ဒေါ်မိုးသူဇာက ပြောပါတယ်။

ကိုးကား – CNA
Ref; Violence in Myanmar expected to worsen as civilians given right to bear arms

#Ayeyarwaddy_Times