ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်
ပြီးခဲ့တဲ့ရက်ပိုင်းက မဘသ အမာခံ အဆိုတော် လီလီနိုင်ကျော် သေဆုံးမှုသတင်းအောက်မှာ မှတ်ချက်ဝင်ရေးမိတဲ့ ဧရာဝတီတိုင်းက ရဲအုပ် အငြိမ်းစားတစ်ဦးကို စစ်ကောင်စီ တပ်တွေက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးအကောင့်ကနေ ဖမ်းဆီးဖို့ ပိုစ့်အတင်ခံရပြီး နောက်တစ်ရက်မှာ ရဲအုပ် အငြိမ်းစာ ဦးအောင်ကျော်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
” ဇာတိတော့ သေချာမသိဘူး၊ သူက အာဏာမသိမ်းခင်က နားထားတာ၊ ကျန်းမာရေးလည်းသိပ်မကောင်းဘူး၊ ခုတော့ အဖမ်းခံလိုက်ရတယ်လို့ကြားတယ်”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရဲအုပ် အငြိမ်းစာ ဦးအောင်ကျော်ကျော်ကို ဘယ်စခန်းမှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။
မဘသ အမာခံ အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး နောက်ပိုင်း သတင်းတွေအောက်မှာ မှတ်ချက်ဝင်ရေးသူတွေကို စစ်ကောင်စီတပ်ထောက်ခံသူတွေက စောင့်ကြည့် ပြီး ဖမ်းဆီးတာတွေလုပ်ဆောင်ဖို့ တိုက်တွန်းတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
#ဧရာဝတီတိုင်း #ရဲအုပ်အငြိမ်းစား #ဖမ်းဆီးခံရ #မဘသအမာခံ #လီလီနိုင်ကျော် #Ayeyarwaddy_Times