ဧရာဝတီတိုင်းမ်
ဇွန်လ ၆ ရက်

ရုရှားနိုင်ငံဟာ ယခင်က မြန်မာနဲ့အိန္ဒိယနိုင်ငံတွေကို တင်ပို့ခဲ့တဲ့ စစ်လက်နက်တွေကို ပြန်လည်ဝယ်ယူ နေတယ်လို့ သံသယရှိတဲ့အကြောင်း Nikkei Asia က ဖော်ပြလိုက်ပါတယ်။ မြန်မာနဲ့အိန္ဒိယနိုင်ငံသို့ ယခင်က တင် ပို့ခဲ့တဲ့ တင့်ကားနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေကို ရုရှားနိုင်ငံက ပြန်လည်ဝယ်ယူနေတယ်ဆိုတဲ့ မှတ်တမ်းတွေကို လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ အသုံးပြုဖို့ တင်ပို့မယ့် စစ်လက်နက်အဟောင်းတွေနေရာမှာ အစားထိုးပြုပြင်ဖို့ ရုရှား နိုင်ငံက မြန်မာနဲ့အိန္ဒိယမှ လက်နက်အစိတ်အပိုင်းတွေ ပြန်လည်တင်သွင်းတာဖြစ်နိုင်ပြီး စစ်ဘက်ဆက်ဆံရေး ကောင်းမွန်တဲ့ တိုင်းပြည်တွေကို အားကိုးလိုက်တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်၊ ဉရောပတိုင်းပြည်တွေ နဲ့ ဂျပန်တို့က ရုရှားနိုင်ငံသို့ စစ်ရေးအသုံးပြုမယ့်ကုန်စည်တွေ တင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။ အမေရိကန်သုတေ သနကုမ္ပဏီ ImportGenius နဲ့ အိန္ဒိယနိုင်ငံမှ Exim Trade Data တို့က တင့်ကားနဲ့ ဒုံးကျည်အစိတ်အပိုင်းတွေ တင်သွင်းတဲ့မှတ်တမ်းတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

ရုရှားစစ်တပ်အတွက် တင့် ကားတွေထုတ်လုပ်ပေးတဲ့ UralVagonZavod ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၉ ရက်မှာ မြန်မာစစ်တပ်ထံမှ ဒေါ်လာ ၂၄ သန်းတန်ကြေးရှိ စစ်လက်နက်တွေ တင်သွင်းခဲ့ပါတယ်။ အဆိုပါ စစ်လက်နက် အစိတ်အပိုင်းတွေကို UralVagonZavod ကုမ္ပဏီကထုတ်လုပ်တဲ့ စစ်လက်နက်တွေအဖြစ် မှတ်ပုံ တင်ခဲ့တာဖြစ်ပါတယ်။

တင့်ကားတေွမှာတပ်ဆင်ဖို့ တယ်လီစကုပ်တွေနဲ့ ကင်မရာတွေလည်း အဆိုပါကုမ္ပဏီက ဝယ်ယူခဲ့သေး တယ်လို့ အငြိမ်းစား အကြီးတန်းပညာရှင် နိုဘူယူကီအကာတာနီက ပြောပါတယ်။ ရုရှားစစ်တပ်မှာ တင့်ကားအ စင်းရေ ၅၀၀၀ ဝန်းကျင်ရှိတယ်လို့ ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန (IISS) က ထုတ် ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

“ရုရှားနိုင်ငံမှာ အဆင့် မြှင့်တင်ဖို့ လိုအပ်နေတဲ့ T-72 တင့်ကားတွေရှိပြီး မကြာမီ ရှေ့တန်းစစ်မျက်နှာကို စေလွှတ်နိုင်ပါတယ်” လို့ အ ပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (ICG) မှ ရုရှားရေးရာကျွမ်းကျင်သူ အိုလက်အိုင်နာတော့ဗ်က ပြောပါတယ်။ စစ်လက်နက်ထုတ်လုပ်ဖို့ ယခင်က အနောက်တိုင်းနည်းပညာတွေကို အားထားခဲ့ရတဲ့ ရုရှားနိုင်ငံဟာ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေကြောင့် လိုအပ်တဲ့ စစ်လက်နက်အ စိတ်အပိုင်းတွေ ထုတ်လုပ်ဖို့ ရုန်းကန်ရဖွယ်ရှိပါတယ်။

ရုရှားနိုင်ငံက ပြန်လည်ဝယ်ယူခဲ့တဲ့ စစ်လက်နက်တွေနဲ့ပတ်သက်လို့ Nikkei Asia က UralVagonZavod ကုမ္ပဏီ၊ ရုရှားအစိုးရ၊ မြန်မာစစ်ကောင်စီတို့ကို မေးမြန်းခဲ့ပေမယ့် တုံ့ပြန်မှုမရခဲ့ပေ။ UralVagonZavod ကုမ္ပဏီက ၂၀၁၉ ခုနှစ်မှာ မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ တင်ပို့ခဲ့တယ်လို့ ရုရှားနိုင်ငံက စစ်လက်နက်အချို့ ပြန် လည်ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ဒုံးကျည်ထုတ်လုပ်ရေး တာဝန်ပေးအပ်ခံထားရတဲ့ Russian NPK KBM က မြေပြင်-ဝေဟင်ခွင်းဒုံးကျည် တွေအတွက် ညကြည့်ကိရိယာတွေ စုစုပေါင်း အစိတ်အပိုင်းခြောက်ခု ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအင်စတီကျု့ (SIPRI) ရဲ့အဆိုအရ ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိ ယအကြီးမားဆုံး စစ်လက်နက်တင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယဟာ ရုရှားနိုင်ငံရဲ့ တတိယမြောက် အများဆုံး စစ်လက်နက်တင်သွင်းတဲ့တိုင်းပြည်ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရုရှားနိုင်ငံရဲ့ ပြည်ပစစ်လက်နက်တင်ပို့မှုရဲ့ ၃၅ ရာခိုင်နှုန်းအထိ တင်သွင်းခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ ပြည်ပစစ်လက်နက်တင်ပို့မှုစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက တင်သွင်းခဲ့ပြီး အယ်လ်ဂျီး ရီးယားနိုင်ငံက ၁၀ ရာခိုင်နှုန်း ဝယ်ယူခဲ့ပါတယ်။

ရုရှားနိုင်ငံက ပြန်လည်ဝယ်ယူခဲ့တဲ့ စစ်လက်နက်တွေကို ပြန်လည်အဆင့်မြှင့်တင်ကာ စစ်မြေပြင်သို့ ပို့ဆောင်ဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့လအတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တော်မှာပြုလုပ်တဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေက ရုရှားနိုင်ငံသို့ စစ်လက်နက်တွေ အကူအညီပေးတာရပ်ဆိုင်းဖို့ အခြားနိုင်ငံတွေကို တောင်း ဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံထုတ် စစ်လက်နက်တွေအပေါ် မှီခိုနေရတဲ့ အခြားတိုင်းပြည်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ ခက်ခဲပါတယ်လို့ တိုကျိုမြို့တော်ရှိ ဟီတိုဆူဘာရှီတက္ကသိုလ်မှ စစ်လက်နက်ထိန်းချုပ်ရေး လေ့လာရေးဌာနမှ ပါမောက္ခ တစ်ဉီးဖြစ်သူ နိုဘူမာဆာအကီယာမာက ပြောပါတယ်။

ဇွန်လ ၅ ရက်က Nikkei Asia မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Yuko Seki နှင့် Shota Fujii တို့ ရေးသားထား သည့် Russia ‘buying back’ arms parts exported to Myanmar and India ကို ဆီလျော်အောင် ဘာသာပြန် ထားပါသည်။

#Ayeyarwaddy_Times