ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့ ပတ်၀န်းကျင် သစ်တောများအတွင်းမှာ စစ်ကောင်စီတပ်က ဇွန်လ ၃ ရက်နေ့ကစပြီး ယနေ့ထိ စစ်ကြောင်းထိုးရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ညက ရေကြည်မြို့က စစ်ကောင်စီတပ် တစ်ခုပေါ်ကို ဒရုန်း၂ စီးဖြတ်ပျံခဲ့ပြီးနောက်ပိုင်းခုလို စစ်ကောင်စီတပ်က သစ်တောတွေဘက်ကို ရှာဖွေမှုတွေပြုလုပ်လာတာလို့ဒေသခံတွေကပြောပါတယ်။
“အမြှောက်တပ်ပေါ်ကို ဒရုန်း၂စီးဖြတ်ပျံတာ သူတို့တပ်ထဲက သေနတ်နဲ့ပစ်တာမထိဘူး။ သူတို့တော်တော်လန့်သွားတယ်၊ အဲ့နောက်ပိုင်း သစ်တောတွေနဲ့ ရေကြည်နောက်ရိုးမတွေဘက်ကို ရှာနေတော့တာပဲ”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာစစ်ကောင်စီတပ်တွေဟာ သစ်တောတွေထဲမှာ ကင်းပုန်းချ စောင့်ကြည့်မှုများပြုလုပ်
နေတာကြောင့် မတရားစွပ်စွဲဖမ်းဆီးခံရမှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။
“ဧရာ၀တီတိုင်းမှာ ဒရုန်းနဲ့ပတ်သတ်ပြီးတိုက်ခိုက်မှုတော့မကြားသေးပါဘူး။အဲ့ဖြစ်စဥ်က တစ်ကယ်ဖြစ်စဥ် ဖြစ်နိုင်သလို စစ်တပ်ကကောင်တွေ ရှေတန်းမထွက်ခြင်လို့ အလုပ်ပြတာ မျိုးလဲဖြစ်နိုင်တယ်”လို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဧရာဝတီတိုင်းမှာ ၂၀၂၂ ခုနှစ်အတွင်းထဲကအလှူ၊ မင်္ဂလာဆောင်တွေမှာ ဓာတ်ပုံမှတ်တမ်းရိုက်ကူးဖို့အတွက် အသုံးပြုတဲ့ ဒရုန်းတွေအပါဝင် ဒရုန်းတွေလာအပ်ဖို့နဲ့ ဖမ်းမိရင် အရေးယူမယ်လို့လည်း မြို့နယ်တိုင်းမှာ လိုက်လံကြေညာခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ရေကြည် #စစ်ကောင်စီတပ် #ဒရုန်း၂စီးဖြတ်ပျံ #သစ်တော #စစ်ကြောင်းထိုးနေ #Ayeyarwaddy_Times