ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ကံမဆိုင်ထိပ် သလပ်ခွာလမ်းမပေါ်မှာ ဇွန်လ ၅ ရက်နေ့ မနက် ၁၀ နာရီ ၅၀ အချိန်က လမ်းလျှောက်နေတဲ့ အမျိုးသားလေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မသိအမျိုးသား ၄ ဦးဟာ ပုံမှန်လမ်းလျှောက်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်က ကားနဲ့ရောက်လာပြီး ပြန်ပေးဆွဲသလိုမျိုး သေနတ်တွေနဲ့ ချိန်ကာ ကားပေါ်ဆွဲတင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“အကုန်လုံးလေးဦး လမ်းလျှောက်လာတာ လူလတ်ပိုင်းတစ်ဦးပါမယ်၊ လူငယ်ပိုင်းသုံးဦးပါမယ်။ သူတို့နောက်ကို ကားကအံစာတုန်းအနက်ရောင်ပေါ်ကနေပြီးတော့ စစ်သား ၇ဦးလက်နက်တွေနဲ့ချိန်ပြီးကားပေါ်ကိုဆွဲတင်သွားတယ်”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ဖမ်းဆီးခံရသူများဟာ ရပ်ကွက်တွင်းမှာ မြင်ဘူးတဲ့ သူများမဟုတ်ပဲ တစ်ခြားဒေသကလာရောက်နေသူများဖြစ်နိုင်ပြီး စစ်ကောင်စီက အတိအကျလာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ ဇွန်လအစပိုင်းမှာ နေလည်ပိုင်းတွေမှာပါ ဧည့်စာရင်းမှုတွေပြုလုပ်ပေမယ့် စစ်ကောင်စီတပ်နဲ့ ရဲ အင်အား အင်အား ပိုများပြီး စစ်ဆေးမှုတွေရှိလာသလို အိမ်ဌားနေထိုင်သူအချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ပြန်ပေးဆွဲ #အမျိုးသားလေးဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times