ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်

ပြည်သူကို သစ္စာရှိပြီး အရပ်သားအုပ်ချုပ်ရေးကို လက်ခံတဲ့ အင်ဒိုနီးရှားစစ်တပ်ကို ဂုဏ်ယူတယ်လို့ ကာ ကွယ်ရေးဝန်ကြီး ပရာဝိုဘိုဆူဘီယန်တိုက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၃ ရက်က စင်ကာပူမှာပြုလုပ်တဲ့ အကြိမ် ၂၀ မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲရဲ့ အမေးအဖြေကဏ္ဍာ မှာ ပရာဝိုဘိုက အင်ဒိုနီးရှားစစ်တပ်အား ပြည်သူကို အလေးမထားတဲ့ မြန်မာစစ်တပ်နဲ့ နှိုင်းယှဉ်သွားခဲ့ပါတယ်။

“အာဆီယံအဖွဲ့က အာဏာရှင်စနစ်ကို ဘယ်တော့မှ လက်သင့်မခံဘဲ မြန်မာစစ်အာဏာရှင်တွေရဲ့ လုပ် ဆောင်ချက်တွေ၊ လုပ်ရပ်တွေက ကိုယ့်ပြည်သူကို နစ်နာစေတယ်ဆိုတာ ရှင်းပါတယ်” လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း အရပ်သားနဲ့စစ်တပ်ကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ခက်ခဲသော အတိတ် ကာလတစ်ရပ် ရှိခဲ့ပေမယ့် အင်ဒိုနီးရှားစစ်တပ်ဟာ ကြားနေစနစ် ကျင့်သုံးဖို့ နိုင်ငံရေးကနေ ထွက်ခွာခဲ့တယ်လို့ သူက ပြောပါတယ်။

“စစ်တပ်က နိုင်ငံရေးကနေ ဆန္ဒအလျှောက် ထွက်ခွာတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ နမူနာတွေအနက် အင်ဒိုနီးရှား နိုင်ငံရဲ့ဖြစ်စဉ်က နမူနာတစ်ခုလို့ ကျွန်တော်ထင်ပြီး အဲဒီအတွက် ကျွန်တော် ဂုဏ်ယူပါတယ်” လို့ ပရာဝိုဘိုက ဆို ပါတယ်။

အင်ဒိုနီးရှားစစ်တပ်ရဲ့ ပြည်သူ့ဆန္ဒကို လေးစားသမှုထားပြီး ပြည်သူနဲ့အတူ ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်ခဲ့မှု ကိုလည်း ပရာဝိုဘိုက ရှင်းပြခဲ့ပါတယ်။

“အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ဆိုတာ ပြည်သူ့စစ်သားတွေဖြစ်ပြီး ပြည်သူကနေ ပေါက်ဖွားလာသလို ပြည် သူမပါဘဲ ဘာမှလုပ်ဆောင်လို့မရဘူးလို့ ခံယူထားပါတယ်” လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာဖို့ သူက မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။ စစ် တပ်ရဲ့တာဝန်ဟာ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ကတိကဝတ်ကို ထိန်းသိမ်းရင် ဘယ်လို အခက်အခဲ မျိုးကိုမဆို ကျော်ဖြတ်နိုင်တယ်လို့ ပရာဝိုဘိုက ဆက်ပြောပါတယ်။

ကိုးကား – Antara News
Ref; Proud that Indonesian military remains loyal to the people: Minister

#Ayeyarwaddy_Times