ဧရာဝတီတိုင်းမ်
ဇွန်လ ၅ ရက်
အငြင်းပွားရေပိုင်နက်အတွင်း တရုတ်စစ်သင်္ဘောတစ်စင်းက အမေရိကန် ဖျက်သင်္ဘောတစ်စင်းနဲ့ ခေါင်း ချင်းဆိုင်တိုက်လုနီးပါး ဖြစ်ပွားပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးက နိုင်ငံခြား စစ်သင်္ဘောတွေနဲ့ တိုက်လေ ယာဉ်တွေ ထိုင်ဝမ်ရေလက်ကြားအတွင်း မဝင်ရောက်ကြဖို့ သတိပေးလိုက်ပါတယ်။
သြစတြေးလျအစိုးရဟာ ဇွန်လ ၄ ရက်က ဖြစ်စဉ်နဲ့ပတ်သက်လို့ လက်တုံ့ပြန်ခဲ့ပြီး အထင်သေးမယ်ဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
“အခုလိုအခြေအနေမျိုးမှာဖြစ်တဲ့ ဖြစ်စဉ်တစ်ခုဟာ အန္တရာယ်တစ်ခု ဖြစ်သွားနိုင်တာကြောင့် ဆက်သွယ် ရေးလိုင်း ဖွင့်လှစ်ထားဖို့ တိုက်တွန်းပါတယ်” လို့ ဇွန်လ ၃ ရက်ညပိုင်းက တရုတ် ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့ တွေ့ဆုံခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်က ပြောပါတယ်။
အခြားတိုင်းပြည်တွေက ကိုယ့်အလုပ်ကိုလုပ်ကြဖို့ စင်ကာပူမှာပြုလုပ်တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲ၌ မိန့်ခွန်း တစ်ခုပြောကြားရာမှာ ထိုင်ဝမ်နဲ့ပတ်သက်လို့ လီရှန်ဖူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ထင်ရှားတဲ့ တရုတ်သီချင်းတစ်ပုဒ်ရဲ့ စာသားတွေအတိုင်း ပြောရမယ်ဆိုရင် မိတ်ဆွေတွေ ကျွန်တော်တို့ ဆီ လာလည်မယ်ဆိုရင် အရသာကောင်းမွန်တဲ့ဝိုင်နဲ့ ကြိုဆိုမှာဖြစ်ပေမယ့် ဝံပုလွေတွေ လာလည်မယ်ဆိုရင်တော့ သေနတ်နဲ့ ရင်ဆိုင်မှာဖြစ်ပါတယ်” လို့ လီရှန်ဖူက ပြောပါတယ်။
ဇွန်လ ၃ ရက်က တရုတ်စစ်သင်္ဘောတစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြားအတွင်း အမေရိကန်ဖျက်သင်္ဘော USS Chung-Hoon နဲ့ မီတာ ၁၄၀ အကွာအထိ ကပ်လျက်လိုက်လာပြီး တိုက်လုနီးပါး ဖြစ်ခဲ့ပါတယ်။
မေလ ၂၆ ရက်ကလည်း တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် ထောက်လှမ်းရေးလေယာဉ်တစ် စင်းရဲ့ရှေ့မှာ တရုတ်ဂျက်တိုက်လေယာဉ်တစ်စင်း ရုတ်တရက် ပေါ်လာတာကြောင့် ကမ္ဘာ့အကြီးမားဆုံး စစ်အင် အားကြီးနှစ်နိုင်ငံကြား တင်းမာမှုဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။
ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းအရ နိုင်ငံတကာ စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေဟာ ဘယ်ကမ်းရိုးတန်းမှမဆို ရေမိုင် ၂၄ အကွာပြင်ပရှိပါက ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုပါတယ်။
“ဒီလိုဖြစ်စဉ်တွေဟာ အခြားတိုင်းပြည်တွေအနီးမှာမဖြစ်ဘဲ တရုတ်နိုင်ငံအနီးက နယ်မြေတွေမှာသာ ဘာ ကြောင့်ဖြစ်နေရပါသလဲ? လို့ ရှန်ဂရီလာဆွေးနွေးပွဲမှာ မေးမြန်းချက်တွေအပေါ် လီရှန်ဖူက ပြန်တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား – Wa Today
Ref; Chinese general threatens foreign navies after warships nearly collide in Taiwan Strait