ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ င၀န်မြစ်အတွင်းမှာ ဇွန်လ ၄ ရက်နေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦးရဲ့ အလောင်းမျောပါနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးနေတဲ့ အမျိုးသားရဲ့ရုပ်အလောင်းဟာ ပိတောက်ချောင်းဘက်ကမ်းမှာပေါ်လာတာဖြစ်ပြီး ရုပ်ပျက်နေပြီဖြစ်တာကြောင့် ဘယ်သူဆိုတာ မသိရသေးသလို မိသားစုနဲ့လည်းဆက်သွယ်မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အမျိုးသားအလောင်းပဲ ရုပ်တော့ပျက်နေပြီ အသက်လဲခန့်မှန်းလို့မရတော့ဘူး။ ဟိုဘက်ကမ်းပိတောက်ချောင်းဘက်ကမ်းမှာ ပေါ်နေတာ၊ ရေနစ်သေတာလား၊ ရေထဲပြုတ်ကျတာလား၊ အသတ်ခံရတာလားတော့မသိသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
အလောင်းတွေ့ပြီး မကြာခင်မှာပဲ သင်္ဘောကျဥ်းရဲစခန်းက ရဲတွေရောက်ရှိလာပြီး လူမှုကူညီရေးအဖွဲ့ အကူအညီနဲ့ ပုသိမ်ဆေးရုံရင်ခွဲရုံကို ပို့ဆောင် လိုက်တယ်လို့ သိရပါတယ်။
ပြီခဲ့တဲ့ မေလ ၁၂ရက်နေ့ကလည်း ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ကန်သုံးဆင့်ကန်အတွင်းမှာ ကလေးများရေဆင်းကူးရာကနေ အသက် ၁၄ နှစ်အရွယ် အမျိုးသားကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – မေတ္တာစမ်းရေလူမှုကူညီရေးအဖွဲ့
#ပုသိမ်မြို့ #ငဝန်မြစ် #အမျိုးသားတစ်ဦး #ရုပ်အလောင်းပေါ် #Ayeyarwaddy_Times