
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး အကြီးအကဲကို နှင်ထုတ်လိုက်လို့ အနောက် နိုင်ငံတွေနဲ့ သံတမန်ရေးအရ အထီးကျန်ဆန်လာပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါလအတွင်း အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက သူ့ကို မြန်မာနိုင်ငံကနေ ထွက်ခွာသွား ဖို့ ပြောခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်က မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တဲ့ Pete Vowles က ဇူလိုင်လ ၁၃ ရက်မှာ တွစ် တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကျွန်တော့်ရဲ့အချိန် ဒီနေ့ ကုန်ဆုံးသွားပါပြီ။ စစ်ကောင်စီက ကျွန်တော့်ကို မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ ဖိအားပေးခဲ့ပေမယ့် ရက်စက်တဲ့ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဖို့ လက်လျှော့မှာမဟုတ် ပါဘူး” လို့ Pete Vowles က ဆိုပါတယ်။
“ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ တရားမျှတမှုထက် ဘာမှပိုမလိုချင်တဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည် ပြီး တတ်နိုင်သလောက် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” လို့ Pete Vowles က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံတမန်တွေလို စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထုတ်ဖော်ပြော ခဲ့တဲ့ Pete Vowles ကို မြန်မာနိုင်ငံပြင်ပ နှင်ထုတ်လိုက်တာပါ။
စစ်ကောင်စီက Pete Vowles ကို အစောပိုင်းမှာ ဗီဇာထုတ်မပေးခဲ့ပေမယ့် ဇွန်လ ၂၂ ရက်ကစပြီး ရန် ကုန်မြို့ကိုရောက်ရှိခဲ့တယ်လို့ သူရဲ့ တွစ်တာအကောင့်အရ သိရပါတယ်။
အာဏာသိမ်းမှုကို တုံ့ပြန်မှုနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းသောဆန္ဒပြသူတွေအပေါ် ရက်စက်တဲ့ ဖြိုခွင်းမှု တွေကြောင့် အနောက်နိုင်ငံအများစုက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံမှု အဆင့်လျှော့ချခဲ့ပါတယ်။
ကိုးကား – The Diplomat
Ref; Myanmar Military Junta Expels United Kingdom Envoy