ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မုန့်မျိုးစုံ ရောင်းဝယ်တဲ့ နေအိမ်ကနေ မနက် ၃ နာရီ ၄၀ လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” အိမ်ကတော့ အကုန်ပါသွားတယ်၊ သေတဲ့သူက အိမ်ရှင်ရဲ့ သားမတ်ဖြစ်သူ ဦးအင်းယား၊ ဘာလို့လောင်တယ်ဆိုတာတော့ မသိဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မီးလောင်မှုကို မြန်အောင်နဲ့ ကြံခင်းက မီးသတ်ကားနဲ့ ရေသယ်ကား စုစုပေါင်း ၇ စီးနဲ့ လာရောက်မီးငြိမ်းသတ်ခဲ့ရပြီး ၅ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင် ဦးတိုက်စိန်ကို မီးသတ်တပ်ဖွဲ့က စစ်ဆေးတာတွေပြုလုပ်နေပြီး သေဆုံးသွားတဲ့ ဦးအင်းယားကိုတော့ ဆေးရုံကို ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကြံခင်းမြို့ #မီးလောင်မှု #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times