ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ မာလာကုန်းလမ်းဆုံမှာရှိတဲ့ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာ ဇွန်လ ၃ ရက်နေ့ ညပိုင်းက ဖောက်ထွင်းခံခဲ့ရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်း အလုံး ၆၀ ကျော် ပျောက်ဆုံးနေတာကို ဆိုင်ပိုင်ရှင်က မနက်ပိုင်း ဆိုင်ဖွင့်ဖို့လာတဲ့အချိန်မှာသိခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“သိရသလောက်တော့ ပိုင်ရှင်က ဖုန်းတွေအကုန်လုံးထဲမှာထားပြီး ဆိုင်ပိတ်ထားခဲ့တာ။ မနက်ကြတော့တစ်ဆိုင်လုံး အကုန်ကုန်အောင်ယူသွားတဲ့အပြင် ပိုက်ဆံတွေပါယူသွားတယ်။ ခုခတ်ကြီးက ခိုးဆိုးလုနိုက်တွေက နေရာတိုင်းလိုလိုပါပဲ။ ရဲကလဲအားကိုးလို့မရပါဘူး “လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
မာလာကုန်းလမ်းဆုံအနီးက KKO ဖုန်းဆိုင်ဖောက်ထွင်းခံရတာဖြစ်ပြီး ဖုန်းအမျိုးအစားအစုံ ၆၁ လုံး၊ နာရီ ၂ လုံးနဲ့ ငွေသား ၆သိန်းကျော်ကို ဖောက်ထွင်းတဲ့သူတွေက ယူဆောင်သွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်။
ကန်ကြီးထောင့်မြို့မှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေအင်အားအများအပြားနဲ့ ကင်းလှည့်နေပေမယ့် တော်လှန်ရေးအင်အားစုတွေကသာအဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနိုက်တွေနေ့စဉ်ဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဧရာ၀တီတိုင်းမှာစစ်ကောင်စီ တပ်ဖွဲ့နဲရဲများ ကိုယ်တိုင်က အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းနဲ့ နှစ်လုံး၊သုံးလိုင်းဒိုင်များကိုတရား၀င်ခွင်ပြုပေးခြင်း၊၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေတာကြောင့် တရားဥပေဒ စိုးမိုးမှု ကင်းမဲ့နေတာလို့ ဥပဒေပညာရှင်အသိုင်းအ၀န်းကသုံးသပ်ထားပါတယ်။
#ကန်ကြီးထောင့်မြို့ #ဖုန်းဆိုင် #ဖောက်ထွင်းခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times