ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်

နိုင်ငံရေးအကျပ်အတည်းတစ်ရပ် ဖြစ်ပွားနေစဉ် ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခန်းနဲ့ပတ်သက်တဲ့ သတင်း တွေကို ရေးသားဖော်ပြတာမပြုလုပ်ကြဖို့ ဒီသီတင်းပတ်အစောပိုင်းအတွင်း အစ္စလာမ္မာဘတ်မြို့ရှိ ထင်ရှားသော မီဒီယာအဖွဲ့အစည်းတွေရဲ့ ပိုင်ရှင်တွေနဲ့ တွေ့ဆုံစဉ် ပါကစ္စတန်နိုင်ငံရဲ့ သြဇာကြီးမားသောစစ်တပ်က ညွှန်ကြားခဲ့ တယ်လို့ သီတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

မေလ ၉ ရက်က မြေယာလိမ်လည်မှုဖြစ်စဉ်ကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခန်း ဟာ လူကြိုက်များဆဲဖြစ်တာကြောင့် အခုလို စစ်တပ်က သူနဲ့ပတ်သက်နဲ့သတင်းတွေ ရေးသားဖော်ပြတာမလုပ်ဖို့ ပိတ်ပင်တာဖြစ်ပါတယ်။

အမ်မရန်ခန်းရဲ့ PTI ပါတီဝင်တွေဟာ စစ်တပ်ပိုင် အဆောက်အအုံတွေကို စီးနင်းတိုက်ခိုက်ကာ လာဟိုး မြို့တော်ရှိ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဉီးရဲ့နေအိမ်ကို ဝင်ရောက်လုယက်ခဲ့ပါသေးတယ်။

ပါကစ္စတန်စစ်တပ်က သတ်မှတ်ထားတဲ့ ပိတ်ပင်ချက်ကြောင့် မီဒီယာတွေအနေနဲ့ အမ်မရန်ခန်းနဲ့ပတ် သက်တဲ့သတင်းတွေ ရေးသားဖော်ပြတာကို ကန့်သတ်မှာဖြစ်ပြီး သတင်းထောက်များစွာက အဆိုပါကန့်သတ် ချက် ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်။

အစည်းအဝေးကျင်းပပြီးနောက် ပါကစ္စတန်နိုင်ငံတစ်ဝှမ်းရှိ မီဒီယာအဖွဲ့အစည်းတွေဟာ အမ်မရန်ခန်းနဲ့ ပတ်သက်တဲ့သတင်းတွေ ရေးသားဖော်ပြတာမလုပ်ကြဖို့ သတင်းထောက်တွေကို ညွှန်ကြားခဲ့ကြတယ်လို့ သတင်း တစ်ပုဒ်က ဆိုပါတယ်။

“စစ်တပ်က မီဒီယာအဖွဲ့အစည်းတွေကို ထိခိုက်အောင် အရှိန်မြှင့်လုပ်ဆောင်လာပါတယ်” လို့ ပါကစ္စတန် သတင်းထောက်တစ်ဉီးကို ကိုးကားပြီး The Intercept က ဖော်ပြပါတယ်။

အမုန်းတရားဖြစ်စေသူ၊ အကြမ်းဖက်သူ၊ ပြစ်မှုကျူးလွန်သူတွေရဲ့အကြောင်း သတင်းရေးသားဖော်ပြခွင့် ကို ပါကစ္စတန် မီဒီယာအာဏာပိုင်အဖွဲ့က ဇွန်လ ၂ ရက်မှာ ပိတ်ပင်ခဲ့ပါတယ်။

ပါကစ္စတန်စစ်တပ်ရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေက သူ့ကို အကွက်ချဖြုတ်ချခဲ့တာလို့ဆိုတဲ့ အမ်မရန်ခန်း ဟာ ပြီးခဲ့တဲ့နှစ်က အယုံအကြည်မရှိအဆိုကြောင့် ရာထူးမှဖယ်ရှားခံရပြီးနောက် စစ်တပ်နဲ့ အဆင်မပြေဖြစ်ခဲ့ပါ တယ်။

ပါကစ္စတန်စစ်တပ်က သူ့ကို စနစ်တကျ အကွက်ချစီစဉ်ပြီး ရာထူးကနေဖြုတ်ချခဲ့တာလို့ အန်မရန်ခန်းက အကြိမ်ကြိမ် စွပ်စွဲပြောကြားခဲ့ပါတယ်။

ကိုးကား – The Hindustan Times
Ref; Don’t show Imran Khan on TV, Pakistan military tells media: Report

#Ayeyarwaddy_Times