ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်

အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ ခရီးသည်တင်ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိရာ လူပေါင်း ၂၃၃ ဉီးထက်မ နည်း သေဆုံးခဲ့ပြီး ၉၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ညနေပိုင်းက အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြရဿပြည်နယ်မှာ ခရီးသည်တင်ရထားတစ်စင်း လမ်းချော် ချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။

အနီးအနားက ရထားလမ်းပေါ်ရှိ အခြားခရီးသည်တင်ရထားက တိမ်းမှောက်နေတဲ့ ရထားတွဲတွေပေါ်ကို အရှိန်ပြင်းပြင်းနဲ့တိုက်မိခဲ့တာလို့ ဒေသန္တရမီဒီယာတွေက ဆိုပါတယ်။

ဖြစ်စဉ်မှာ ရာပေါင်းများစွာသော ခရီးသည်တွေလည်း ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေက အ ပျက်အစီးတွေကြား အသက်ရှင်သူတွေကို ရှာဖွေနေတယ်လို့ ဒေသန္တရမီဒီယာတွေက ပြောပါတယ်။

ခရီးသည်တင်ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိတာ ပြင်းထန်တာကြောင့် သေဆုံးသူဉီးရေ မြင့်တက် လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသည်တင်ရထားနှစ်စင်း တိုက်မိတဲ့ဖြစ်စဉ်မှာ အသက်ဆုံးရှုံးသွားသူတွေအတွက် မိသားစုဝင်တွေနဲ့အ တူ စိတ်မကောင်းဖြစ်ရတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါ တယ်။

နိုင်ငံပိုင်လုပ်ငန်းတစ်ခုတည်းက စီမံခန့်ခွဲတဲ့ ကမ္ဘာ့အကြီးမားဆုံး ကွန်ရက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ မီးရထား လမ်းတွေမှာ နှစ်စဉ် ရာနဲ့ချီတဲ့ မတော်တဆမှုတွေ ဖြစ်ပွားတယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမှာ သာမန်ပြည်သူအများစုက သယ်ယူပို့ဆောင်ရေးအတွက် မီးရထားကို အဓိက အသုံးပြုကြ တယ်လို့ မီဒီယာသတင်းတွေက ဆိုပါတယ်။
ကိုးကား NHK
Ref; India train crash kills at least 233 people
#Ayeyarwaddy_Times