ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု ၊ရေနောက်အိုင်နယ်မြေအတွင်းတောအတွင်းတွင် PDF များရှိသည်ဟုဆိုကာ ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များက စစ်ကြောင်းထိုး၀င်ရောက်လာကြောင်း ဒေသခံများကပြောသည်။
“မနေ့က ရေနောက်အိုင် ဘုန်းကြီးကျောင်းမှာ တပ်လာစွဲနေတာ
အင်အား ၁၀၀ လောက်ရှိတယ် ဒီမနက်လည်း တောထဲကို၀င်သွားတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကျော်ကသံပုရာကုန်းကျေးရွာနားတောထဲမှာPDFစခန်း လက်နက်တွေနဲ့စခန်းတွေသိမ်းမိပြီးနောက်ပိုင်း စစ်တပ်ကရွာတွေမှာ တပ်စွဲတာ၊စစ်ကြောင်းထိုးတာတွေလုပ်နေတာ”လို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်များသည် ဟိုင်းကြီးကျွန်းနယ်မြေ အပြင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ အနီးရှိ သစ်တောတွေများကိုပါ ၀င်ရောက်ရှာဖွေနေပြီး ရိက္ခာအပြည့်အစုံနှင့် လာရောက်စခန်းချနေထိုင်ပြီး သာမန်ကျေးရွာသားများသည် မတရားစွပ်စွဲဖမ်းဆီးခံရမှာကို ဒေသခံတွေကစိုးရိမ်နေကြကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ၂၆ ရက်နေ့တွင် ဟိုင်းကြီးကျွန်းမြို့၊ သံပုရာကုန်းကျေးရွာ အနောက်ဘက်တောထဲမှ မိုးကာတဲ၂လုံးထဲမှာလက်လုပ်သေနတ် ၄ လက်၊လက်လုပ်သေနတ်ပြောင်း ၃ခု၊ ၁၂ဗို့ ကျည် ၂၄တောင့်၊၁၂ဗို့ ကျည်ခွံ ၃ခု၊လက်လုပ်သေနတ်ကျည်ပြုလုပ်တဲ့ ကော်ပိုက် ၇၉ ခု၊လက်လုပ်ဘောသီး ၂၈၀ လုံး၊ယမ်းမှုန့် ၇၅ကျပ်သား ၁ ဘူး ၊ စနက်တံ ၉၆ ခု၊လက်လုပ်မိုင်း ဖြူ့စ် ၄၀ ခု၊လက်လုပ် ယမ်းမှုန့် ၆ပိသာ ၂ ပုံး ဒူးလေး ၂ လက်၊၂လက်မ သံပိုက် ၁၁ ခု၊ ဆိုလာပြား ၁ ချပ်၊ ဆေးမျိုးစုံ ၁ ထုပ်တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့သည်။
ယခုလို စစ်ကောင်စီဘက်မှ လက်နက်နှင့် စခန်းတစ်ခုကို သိမ်းဆည်းရမိသည့်အပြင် PDF တပ်ဖွဲ့၀င်တစ်ဦးနှင့် ဒေသခံ ၁၀ ဦးပါ ဖမ်းဆီးခံထားရပြီး ဟိုင်းကြီး စစ်တပ်အတွင်းမှာ စစ်ဆေးနေတယ်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးကိုပြောသည်။
ထို့ပြင် ဧရာ၀တီတိုင်းတွင် ရခိုင်ရိုးမနဲ့ထိစပ်နေသည့် ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်လမ်းသစ်တောများ အတွင်းတွင် စစ်ကောင်စီက တောနင်းရှာဖွေခြင်းများ အမြဲပြုလုပ်လေ့ရှိကြောင်း ဒေသခံများကပြောသည်။
#ဟိုင်းကြီးကျွန်းနယ်မြေ #ကကျေးရွာသစ်တောတွေမှာ #စစ်ကောင်စီက #PDFတွေရှိတယ်ဆိုပြီး #သစ်တောများအတွင်းစစ်ကြောင်းထိုးနေ
#Ayeyarwaddy_Times