ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်
ကိယက်ဗ်မြို့တော်ကို ရုရှားတွေက ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ရာ လူသုံးဉီး သေဆုံးပြီး ကလေးသူငယ်များနေ့ ကျင်းပနေတဲ့ ကလေးငယ်တစ်ဉီးအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့ကတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ရုရှားဒုံးကျည်အားလုံးကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဖျက်ချနိုင်ခဲ့တယ်လို့ ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။
လူနေဧရိယာတစ်ခုအပေါ် အပျက်အစီးတွေ လွင့်စင်ကျခဲ့တာကြောင့် လူသုံးဉီး သေဆုံးကာ ၁၄ ဉီးထက်မ နည်း ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၉ နှစ်အရွယ် မိန်းခလေးငယ်တစ်ဉီးနဲ့ သူမရဲ့မိခင်တို့ ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့တွေက က လေးငယ် ၄၈၄ ဉီးကို သတ်ဖြတ်ကာ ၉၉၂ ဉီးကို ဒဏ်ရာရရှိစေခဲ့တယ်လို့ ယူကရိန်း အစိုးရရှေ့နေတွေက ပြောပါ တယ်။
ရုရှားထိန်းချုပ်ထားတဲ့နယ်မြေနဲ့ စစ်မြေပြင်ဧရိယာတွေမှ အချက်အလက်တွေ စုဆောင်းဖို့ ခက်ခဲတာ ကြောင့် ဒီအချက်အလက်တွေက မပြည့်စုံဘူးလို့ ယူကရိန်း အစိုးရရှေ့နေတွေက ဆိုပါတယ်။
ရှီဘီကီနိုမြို့အပေါ် ယူကရိန်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် လူဆယ်ဉီး ဒဏ်ရာရရှိခဲ့ တယ်လို့ ယူကရိန်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရုရှားအနောက်ပိုင်း ဘယ်လ်ဂိုရော့ဒ်ဒေသ အုပ်ချုပ်ရေးမှူးက ဇွန်လ ၁ ရက်မှာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
မနေ့က ရုရှားတပ်ဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုသုံးကြိမ်ကို တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘယ်လ်ဂိုရော့ဒ်တိုက်ခိုက်မှု လက်သည်ကို ဖော်ပြထားတဲ့ ရုပ်သံဖိုင်ကို ရုရှားဆန့်ကျင်ရေးအဖွဲ့တွေက လူမှုကွန်ရက်ကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။
ရုရှားနိုင်ငံမှ လွတ်မြောက်အောင် ကြိုးပမ်းနေတယ်လို့ ရုပ်သံဖိုင်ထဲမှာ လူပုဂ္ဂိုလ်တစ်ဉီး ပြောပါတယ်။ ပြီး ခဲ့တဲ့လအတွင်း ဘယ်လ်ဂိုရော့ဒ်မြို့မှာ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ အဆို ပါအဖွဲ့က ပြောပါတယ်။
ကိုးကား – NHK
Ref; Russian missile attack on Kyiv kills 3
#Ayeyarwaddy_Times