ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇွန်လ ၂ ရက်

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ခံ အမျိုးသားတစ်ဦး ဇွန်လ ၁ ရက် နေ့လည်ပိုင်း က သေနတ်နှင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ပစ်သတ်ခံရသူသည် မွန်ပြည်နယ်၊ရေးမြို့မှပြောင်းရွှေ့လာသူ ဖြစ်ကာ လက်ရှိတွင် ကလိန်အောင်မြို့ အင်းပြား အမှတ် (၄) ရပ်ကွက် တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဦး ဆိုသူဖြစ်သည်။

“သူ က စိတ်မနှံ့ တဲ့သူပါ။ ရပ်ကွက်ထဲကသူတွေက အကုန်သိတယ်။သူက ဆိုင်ကယ် နဲ့မောင်းပြီးလာတဲ့ အချိန် ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်မှာပစ်ခတ်ခံရတာပါ။စစ်ကောင်စီတပ်က ဆိုင်ကယ်မရပ်ဘဲ မောင်းပြီးထွက်ပြေးလို့ ပစ်တယ်လို့သိရတယ်။အဲဒီ တံတားမှာ ပစ်တဲ့အချိန် သူက ခြေထောက်ကိုပဲ့ ထိပြီး ဆိုင်ကယ်နဲ့ မောင်းပြီးထွက်သွား တယ်”လို့ ဒေသခံရွာသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို
ပြောပါတယ်။

ယင်းနောက်ဆိုင်ကယ်မောင်း ထွက်သွားသည့် ကိုနိုင်ဦး နောက်သို့ စစ်ကောင်စီတပ်သားများ က စစ်ကားနှင့်လိုက်ပြီး ဖမ်းဆီးခဲ့ရာ မတွေ့ သည့်အတွက်တွေ့လျှင် အကြောင်းကြားပေးရန် အင်းပြား အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို စစ်ကောင်စီတပ်သားများက မှာကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ကိုနိုင်ဦး ဆိုသူကို အုပ်ချုပ်ရေးမှုးက လိုက်လံရှာဖွေရာ ကလိန်အောင်မြို့ ဆုတောင်းပြည့်ဘုရားအနီးတွင် တွေ့သည့်အတွက် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ လမ်းတွင် စစ်ကောင်စီ တပ်နှင့် တွေ့၍ သေနတ်နှင့် ပစ်သည့်အတွက် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ-ကလိန်အောင် တံတားစစ်တပ် စစ်ဆေးရေးဂိတ်

#ကလိန်အောင်တံတားဂိတ် #ရေဖြူမို့နယ်
#စစ်တပ်ကပစ်သတ် #စိတ်မနှံသူအမျိုးသား
#အင်းပြားအမှတ်၄ရပ်ကွက် # Ayeyarwaddy_Times