ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်
မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်နိုင်ငံဟာ ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေနဲ့ ပေါက်ကြားလာတဲ့ မှတ်တမ်းမှတ်ရာတွေ ကို အခြေခံတဲ့ Justice For Myanmar ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။
အာဏာမသိမ်းမီ ပေးအပ်ခဲ့တဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ ချေးငွေတွေနဲ့ ငွေကြေးမတည်ပေးထားတဲ့ စီမံကိန်းတွေအရ ဂျပန်ကုမ္ပဏီတွေဟာ မြန်မာ့မီးရထား(MR) ကနေ ဒေါ်လာသန်းချီတဲ့ ဝင်ငွေတွေ ရရှိခဲ့ပါတယ်။
မြန်မာ့မီးရထားဟာ အာဏာသိမ်းစစ်ကောင်စီက တရားမဝင် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့မီးရထားမှ ဝန်ထမ်း ၃၀၀၀၀ ရဲ့ ၉၀ ရာခိုင်နှုန်းဟာ CDM မှာ ပါဝင် ခဲ့ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်တာဟာ အာဏာသိမ်းစစ်ကောင်စီ ကို တရားဝင်မှုရရှိစေတယ်လို့ JFM က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုတွေကျူးလွန်ဖို့ တပ်ဖွဲ့တွေ၊ စစ် လက်နက်တွေနဲ့ အခြားကိရိယာတွေ ရွှေ့ပြောင်းရာမှာ ရထားတွေကို အသုံးပြုနေတယ်လို့ JFM က ပြောပါတယ်။
အာဏာမသိမ်းမီကပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ရထားလမ်းစီမံကိန်းတွေကို စစ်ရေးရည် ရွယ်ချက်တွေနဲ့ အသုံးမပြုရဘူးလို့ JICA က JFM ကို ပြောပါတယ်။
ဒါပေမယ့် ဂျပန်အစိုးရနဲ့ ဂျပန်ကုမ္ပဏီတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အလွဲသုံးစားမှုတွေကို တား ဆီးနိုင်စွမ်းမရှိဘူးလို့ JFM က ဆိုပါတယ်။
မကြာသေးမီကလည်း စစ်ကောင်စီဟာ အရပ်သားတွေ အသုံးပြုဖို့ ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ သင်္ဘော တွေကို ရခိုင်ပြည်နယ်မှာ တပ်ဖွဲ့တွေ ရွှေ့ပြောင်းရာမှာ အသုံးပြုခဲ့ပါသေးတယ်။
ဂျပန်နိုင်ငံက အရပ်သားတွေသုံးဖို့ လှူဒါန်းထားတဲ့ သင်္ဘောတွေကို စစ်ကောင်စီက တပ်ဖွဲ့ဝင်တွေ ရွှေ့ ပြောင်းဖို့ အလွဲသုံးစားလုပ်နေတာနဲ့ပတ်သက်လို့ ကန့်ကွက်ခဲ့ပေမယ့် အရေးယူမှု အသေးစိတ်အချက်အလက်တွေ ကိုတော့ လူသိရှင်ကြား ထုတ်ပြန်ခဲ့တာမရှိဘူးလို့ JFM က ဖော်ပြပါတယ်။
ကိုးကား – Justice For Myanmar
Ref; Japan’s railway projects risk aiding & abetting Myanmar junta’s crimes