
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ၊ဆောင်နန်းခဲကျေးရွာ အရှေ့ဘက်ရှိ
တောင်ကြောပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီ ခန့်အချိန်အတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု့လည်းရှိခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့ စကခ-၇မှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကာ တစ်ချိန်တည်းမှာပင် လွယ်မကူးတောင်ပေါ် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဖယ်ခုံ PDF က ရေးသားထုတ်ပြန်ထားသည်။