ဧရာဝတီတိုင်းမ်
ဇွန်လ ၂ ရက်

မြောက်ကိုရီးယားနိုင်ငံက စစ်ဘက်ဆိုင်ရာ သူလျှိုဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ဖို့ မကြာမီ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမယ်လို့ ခေါင်းဆောင် ကင်ဂျူံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျောင် က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မနေ့ကမနက်ပိုင်းက အနောက်မြောက်ပိုင်း ဆိုဟေးဂြိုဟ်တုလွှတ်တင်ရေး ကွင်းရှိ Chollima-1 ပစ်စင်မှ ပထမဆုံးသော သူလျှိုဂြိုဟ်တု Malligyong-1 ကို လွှတ်တင်ခဲ့ပါတယ်။

နည်းပညာဆိုင်ရာပြဿနာကြောင့် ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ခဲ့ဘဲ ကိုရီးယားကျွန်းဆွယ်အနောက် ဘက် ပင်လယ်ဝါအတွင်း ပစ်ကျသွားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ကြေညာခဲ့ပါတယ်။

ကင်ယိုဂျောင်က ယနေ့ နိုင်ငံပိုင် KCNA သတင်းဌာနမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ထောက်လှမ်းရေးဂြိုဟ်တု ပိုင်ဆိုင်သွားမှာကို ရန်သူတွေက ကြောက်ရွံ့နေတယ်လို့ ကင်ယိုဂျောင်က ပြောပါတယ်။

အဲဒါကြောင့် မြောက်ကိုရီးယားနိုင်ငံက သူလျှိုဂြိုဟ်တုတွေ တီထွင်ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေပြုလုပ်ဖို့ ညွှန်ကြားရတာလို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ သူလျှိုဂြိုဟ်တုကို မကြာမီ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ကာ မစ်ရှင်စတင်မှာ သေချာတယ်လို့ ကင်ယိုဂျောင်က ပြောပါတယ်။

ပျက်ကျသွားတဲ့ သူလျှိုဂြိုဟ်တုရဲ့အင်ဂျင်ကို စစ်ဆေးဖို့ သီတင်းပတ်များစွာ ကြာမြင့်နိုင်တယ်လို့ တောင် ကိုရီးယား ထောက်လှမ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

ဒေသတွင်းတိုင်းပြည်တွေက ပြည်သူတွေအပေါ် တပ်လှုန့်မှုတွေ ပြုလုပ်ထားဆဲဖြစ်ကာ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။

ကိုးကား – NHK
Ref; North Korean satellite to go into orbit soon: Kim Jong Un’s sister

#Ayeyarwaddy_Times