ဧရာ၀တီတိုင်းမ်
ဇွန် ၂ ရက်
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် အသက်ငါးနှစ်အရွယ် ကလေးငယ်ကို ခေါ်ယူ ဖွက်ထားခဲ့သည့် အမျိုးသမီးကို မေလ ၃၁ ရက်နေက ထောင်ဒဏ် ခုနစ် နှစ်ချမှတ်ခဲ့ကြောင်း မိသားစု၀င်များထံက သိရ သည်။
ပြီးခဲ့နှစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က အသက်ငါးနှစ်အရွယ် မောင်ဇွဲဝေယံထွန်းသည် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အဘိုး၊ အဘွားဖြစ်သူများနှင့် ဆော့ကစားနေစဉ် ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည်။
အဆိုပါကလေးငယ်ကို တစ်ရပ်ကွက်ထဲနေထိုင်သည့် အိမ်နီးချင်းဖြစ်သူ ဒေါ်နီလာမြင့်မောင်(ခ)မမီးငယ်က ကလေးငယ်ကို ငါးရက်ကြာသည်အထိ ၎င်း၏ နေအိမ်တွင် ခိုးယူဖွက်ထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“တရားရုံးက သူ့ကိုထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။ တစ်နေ့က အမိန့်ချခဲ့တာပါ”ဟု မိသားစု၀င်နှင့်နီး စပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကလေးခိုးယူဖွက်ခဲ့သည့် ဒေါ်နီလာမြင့်မောင်(ခ)မမီးငယ်ကို ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ (၃၆၃)အရ လူခိုးမှုဖြင့် ထောင်ဒဏ် ခုနစ် နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
#မန္တလေး #ချမ်းအေးသာစံ #ဒေါ်နီလာမြင့်မောင် #ကလေးခိုးယူမှု #ဇွဲဝေယံထွန်း #ထောင်ဒဏ်၇နှစ် #Ayeyarwaddy_Times