ဧရာဝတီတိုင်းမ်
ဇွန်လ ၁ ရက်

ပါကစ္စတန်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာနဲ့ ဆူဒန်နိုင်ငံတွေရဲ့အဆင့်ကို ကျဆင်းသွားခဲ့ပြီလို့ ရာ ထူးမှဖြုတ်ချခံထားရဲ့ ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခန်းက ပြောကြားလိုက်ပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိရင် ဒီမိုကရေစီမရှိတော့သလို တိုင်းပြည်အတွက် သာယာဝပြောမှုနဲ့ အနာဂတ် မ ရှိတော့ဘူးလို့ PTI ပါတီဥက္ကဌ အမ်မရန်ခန်းက ဆိုပါတယ်။

သူ့ကိုဖမ်းဆီးတဲ့အပေါ် ဆန္ဒပြနေတဲ့ PTI အဖွဲ့ဝင်တွေရဲ့ အစိုးရနဲ့ စစ်တပ်အပေါ် တိုက်ခိုက်မှုတွေကြောင့် မေလ ၉ ရက်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့လို့ သူ့ပါတီအပေါ် အကြမ်းဖက်ဖြိုခွင်းတာကို အမ်မရန်ခန်းက ရှတ် ချလိုက်ပါတယ်။

“တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျွန်တော်တို့ ဒီမိုကရေစီဖြစ်စေ သာယာဝပြောမှုဖြစ်စေ အနာဂတ်တစ်ရပ် ဖြစ်စေ ရရှိမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

စစ်တပ်က ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ပါကစ္စတန်နိုင်ငံရဲ့ တရား ဥပဒေစိုးမိုးရေး အညွှန်းကိန်းက သိသိသာသာ ကျဆင်းလာခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

“ပါကစ္စတန်နိုင်ငံဟာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေ မပြုလုပ်မီက တရားဥပဒေစိုးမိုးမှု အညွှန်းကိန်းမှာ ကမ္ဘာ့နိုင်ငံ ၁၄၀ အနက် အဆင့် ၁၂၉ မှာ ရှိခဲ့ပါတယ်။ အခုဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အညွှန်းကိန်းက မြန်မာနဲ့ ဆူဒန်နိုင်ငံတွေရဲ့အဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဉပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုပေမယ့် အစိုးရက PTI အဖွဲ့ဝင် ၂၃၀၀၀ ကျော်ကို စာရင်းပြုစုကာ ၁၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ အင်တာဗျူးတစ်ခုအတွင်း အမ်မရန်ခန်းက ပြောပါ တယ်။

ထိန်းသိမ်းခံရသူတွေကို ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မပြုသလို အရပ်သားတွေကို စစ်ဘက်တရားရုံးတွေမှာ တရားစွဲဆိုတာကြောင့် ဒီမိုကရေစီ သေဆုံးသွားပြီလို့ သူက ဆိုပါတယ်။

အမ်မရန်ခန်းက စီးပွားရေး ယိုယွင်းလာမှုအတွက် ပါကစ္စတန်အစိုးရကို ပြစ်တင်ခဲ့ပြီး တိုင်းပြည်မှာ ပျက် သုဉ်းရေးလမ်းကြောင်းကို ဉီးတည်နေကာ သမိုင်းမှာ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးအခြေအနေ ကြုံတွေ့နေရတယ် လို့ ပြောပါတယ်။

ကိုးကား – The News
Ref; Pakistan has dropped to Myanmar, Sudan’s level in rule of law index: Imran Khan