ဧရာဝတီတိုင်းမ်
(တောင်ငူခရိုင်)၊ ဇွန်လ ၁ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူအခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးရဲနိုင် ဆိုသူအား ယ‌မန်နေ့မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တောင်ငူခရိုင်PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ (ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်မှူးကြီးရဲနိုင်သည် အမြန်လမ်းပေါ်တွင်အရပ်ဝတ်ဖြင့် သွားလာ‌နေစဉ် ရေတာရှည်(ပကဖ)မှ ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၅၄ မိုင်၊ ၈ ဖာလုံ (ကေတူမတီမြို့သစ်လမ်းခွဲအနီး) တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သူ့ကိုစုံစမ်းလေ့လာနေတာ အချိန်တော်တော်ကြာပြီ။ အခုလိုပိုင်နိုင်တဲ့ အချိန်မှာ ရှင်းလင်းလိုက်တာပါ။ အမြန်လမ်းမှာ အရပ်ဝတ်နဲ့သွားလာနေတာဆိုတော့ အသွင်ယူထောက်လှမ်းနေတာလို့ယူဆရတယ်။ ဒုတိယဗိုလ်မှူးကြီးဖြစ်တယ်ဆိုတာထက် ကျွန်တော်တို့ဘက်ကတော့ စစ်ကောင်စီရဲ့လက်အောက်ခံ လက်နက်ရှိသူမှန်သမျှကို ရှင်းလင်းသွားမှာပါ” ဟု ပဲခူးတိုင်းPDFသတင်းပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီ တိုင်းမ် ကို‌ ပြောသည်။

ဒုဗိုလ်မှူးကြီးရဲနိုင်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်း၍ အရပ်ဝတ်ဖြင့် သွားလာနေစဉ် တော်လှန်ရေးတပ်ဖွဲ့မှပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အန္တရာယ် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးတွင် PDF များထံအသွင်ယူ စုံစမ်းရန်လာသည့် ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး သန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်အပါအဝင် လေး ဦးအား တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ-၃ နှင့် တပ်ခွဲ-၆ တို့မှ စောင့်ဆိုင်းကာ ပစ်သတ်ခဲ့သည်။
ဓာ
တ်ပုံ-ဒုတိယဗိုလ်မှူးကြီထံက သိမ်းဆည်းရရှိသော ဖုန်းနှင့်ဆိုင်ကယ်(Bago Region PDF)
#နေပြည်တော်အမြန်လမ်း #တောင်ငူလေတပ် #ရေတာရှည်ပကဖ #PDF #အသတ်ခံရ #ဒုဗိုလ်မှူးကြီး #Ayeyarwaddy_Times