ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇွန် ၁ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် ထိုးစစ်ဆင်ရန်နှင့် တပ်ဖွဲ့စည်းပုံကျစ်လစ်ခိုင်မာလာစေဖို့အတွက် ပြောင်းလဲဖော်ဆောင်မှုတို့ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ “အားယူထပျံ အောက်ချင်းအားမာန်” ရံပုံငွေရှာဖွေရေးကမ်ပိန်းကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့မှ စတင် ပြုလုပ်ခဲ့ရာ ပြည်သူလူထု၏ ပံ့ပိုးပါဝင်မှုအားနည်းနေကြောင်းCDF-မင်းတပ်ထံက သိရသည်။
” အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းစတင်ပြီး တပတ်ကျော်အကြာတွင် မျှော်မှန်းထားသော ပမာဏ၏ ၅ ရာခိုင်နှုန်းသာ ရံပုံငွေရရှိထားသေးကြောင်းရံပုံငွေရှာဖွေရေး တာဝန်ခံများထံက သိရသည်။
” မြေပြင်မှာ လိုင်းမရတာ။ လိုင်းရှိတော့လည်း လိုင်းမကောင်းတာကြောင့် fundraiserတွေ၊ တော်လှန်ရေးဆယ်လီတွေနဲ့ ကောင်းကောင်း မချိတ်ဆက်နိုင်ဘူး။ ကျွန်တော်တို့က marketing လုပ်တာမှာ အတွေ့အကြုံကောင်းမရှိတာရယ်၊ ကွန်ရက်ချိတ်ဆက်မှုအတွက် ပြင်ဆင်မှုတွေ မလုပ်နိုင်တာကြောင့် ဖြစ်မယ် ထင်ပါတယ်” ဟု မင်းတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး(၁) ဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရံပုံငွေရှာဖွေရေးကမ်ပိန်းကို လာမည့် ဇွန်လ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တစ်လအတွင်းတွင် သိန်း ၅၀၀၀ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်းလည်းသိရသည်။
မိုခါမုန်တိုင်းအပြီးနှင့် တိုက်ဆိုင်နေညပီး နိုင်ငံတဝန်းတွင် တခြားတော်လှန်ရေးအဖွဲ့များ၏ campaign လုပ်ခြင်းများ၊ ဖေ့စ်ဘုတ်၏ ပေါ်လစီအပြောင်းအလဲများကြောင့် ပြည်သူလူထုထံ သတင်းရောက်ရန်ခက်ခဲနေပြီး “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းတွင် ပြည်သူများပါဝင်မှုအားနည်းခြင်းဖြစ်နိုင်ကြောင်း ဆလိုင်းယောမာန်က သုံးသပ်ပြောကြားသည်။
” ဒီ အားယူထပျံ အောက်ချင်းအားမာန် campaignဟာ ၂ နှစ်ကျော်ကြာ တော်လှန်ရေးကာလမှ CDF-MINDAT ရဲ့ ပထမဆုံး fundraising campaign ပါ။ ဒီ campaign မလုပ်ခင် တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို ထိုးစစ်ပြန်ဆင်ဖို့ အများကြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ fundraising ကနေ ရရှိတဲ့ ထောက်ပံ့ငွေနဲ့ စကစရဲ့ စခန်းတွေ၊ ဂိတ်တွေ ကို တိုက်ခိုက်ပြီး CDF-MINDAT ရဲ့ စိုးမိုးမှုနယ်မြေတွေ တိုးချဲ့ပြီး နောက်ဆုံး ချင်ပြည်တောင်ပိုင်းရဲ့ လုံးဝလွတ်မြောက်နယ်မြေ တစ်ခု အစပြုဖို့အထိ ရည်မှန်းပါတယ် “ ဆလိုင်းယောမာန်က ဆက်လက်ပြောကြားသည်။
“အားယူထပျံ အောက်ချင်းအားမာန်” စီမံကိန်းသည် CDF-မင်းတပ်အတွက် ခွန်အားဖြစ်မည့် စီမံကိန်းဖြစ်သည့်အလျောက် ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် Fundraiser ထံတွင် ပါဝင်အားဖြည့် လှူဒါန်းနိုင်ကြောင်းCDF-မင်းတပ်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-CDF-မင်းတပ်
https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL
#ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် #ထိုးစစ်ဆင်ရန် #တပ်ဖွဲ့စည်းပုံကျစ်လစ်ခိုင်မာလာရန် #ရံပုံငွေရှာဖွေရေးကမ်ပိန်း #ပြည်သူများ #ပံ့ပိုးပါဝင်မှုအားနည်း #Ayeyarwaddy_Times