ဧရာဝတီတိုင်းမ်
ဇွန်လ ၁ ရက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာဟာ ဇွန်လအတွင်း ရာထူးမှနှုတ်ထွက် မယ်လို့ ကုလသမဂ္ဂက မေလ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ခုခံတော်လှန်မှုဖြစ်စေခဲ့တဲ့ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုလန်းဟေဇာကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း နိုလန်းဟေဇာဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လ ၁၂ ရက်မှာ ရာထူးကနေထွက်ခွာမယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောပါတယ်။
နိုလန်းဟေဇာရဲ့ ရာထူးသက်တမ်း လ ၂၀ နီးပါးဟာ သူမအရင် အဆိုပါရာထူး တာဝန်ယူခဲ့တဲ့ ခရစ္စတင်းရှ ရာနာဘာဂျီနာရဲ့ ရာထူးသက်တမ်း ထက်ဝက်ခန့်သာရှိပါတယ်။
နိုလန်းဟေဇာဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့သွားရောက်ကာ အာဏာသိမ်းခေါင်း ဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့၊ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ဒီမိုက ရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းမယ့် နိုင်ငံရေးလမ်းကြောင်းတစ်ရပ် ထောက်ခံဖိုနဲ့ အကျဉ်းစံ ဒေါ်အောင် ဆန်းစုကြည်ကို နေအိမ်ပြန်ပို့ကာ တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ အခြေအနေဆိုးလာခဲ့ပြီး အကြမ်းဖက်မှုတွေဟာ ကြောက် မတ်ဖွယ်ရာအခြေအနေလို့ မတ်လ ၁၆ ရက် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုလန်းဟေ ဇာက ပြောပါတယ်။
စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေကို လူမဆန်စွာ နှိပ်ကွက်မှုကြောင့် နှစ်ဘက်စလုံးဟာ အနိုင်ရရှိဖို့ ရည်ရွယ်နေပြီး စေ့စပ်ညှိနှိုင်းဖို့ အလားအလာမရှိဘူးလို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်တစ်ဉီး ခန့်အပ်မယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံသူ နိုလန်းဟေဇာဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNIFEM ရဲ့ အမှုဆောင် ညွှန် ကြားရေးမှူးအဖြစ် ၁၉၉၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နိုလန်းဟေဇာဟာ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ရာထူးနဲ့ ညီမျှတဲ့ အာရှနှင့် ပစိဖိတ်ဆိုင် ရာ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်ရဲ့ အမှုဆောင် အတွင်းရေးမှူးရာ ထူးကို ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးဖြစ်ပါတယ်။
ကိုးကား – AP
Ref; UN envoy for Myanmar Noeleen Heyzer to leave post in June