ဧရာဝတီတိုင်းမ်
ဇွန်လ ၁ ရက်
ရန်ကုန်မြို့၊ ပုဇွန်တောင်၊ မီးရထား စက်ခေါင်းစက်ရုံက စက်ရုံမှူး ဦးမြင့်ဦးသည် စက်ရုံပိုင်သစ်ပင်များနှင့် သံထည်ပစ္စည်းများကို ထုတ်ရောင်းနေကြောင်း စက်ရုံဝန်ထမ်း များထံက သိရသည်။
စက်ရုံမှူး ဦးမြင့်ဦးသည် မီးရထား စက်ရုံဝန်းအတွင်းရှိ မဟော်ဂနီသစ်ပင်ကြီး နှစ်ပင်ကို ကျပ်ငွေ ၂၅ သိန်း (နှစ်ဆယ့်ငါးသိန်း) ဖြင့် ရောင်းချခဲ့ပြီး ထင်းဘိုး ကျပ်ငွေသိန်း ၅၀ (သိန်းငါးဆယ်) ကိုပါ ရရှိခဲ့ကြောင်း စက်ရုံဝန်ထမ်းများထံက သိရသည်။
“ဒီလူတွေက စက်ရုံထဲကပစ္စည်းတွေကို အုပ်စုဖွဲ့ပြီးလုပ်ချင်ရာလုပ်နေကြတာ။ ဝန်ထမ်းတွေကိုလည်း အရမ်းဖိအားပေးပြီး ဗိုလ်လုပ် ဆက်ဆံနေတာ” ဟု ပုဇွန်တောင် မီးရထား စက်ခေါင်းစက်ရုံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မီးရထား စက်ခေါင်းစက်ရုံမှူး ဦးမြင့်ဦးနှင့် ၎င်း၏တပည့်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း သံထည်ပစ္စည်းတွေကို ကားဖြင့်သယ်ယူ ထုတ်နေသည်ကို သတင်းရရှိ၍ ပုဇွန်တောင်အမှတ် (၅) ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဖမ်းဆီးခဲ့သော်လည်း အရေးယူခံရခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် CDM ဝန်ထမ်းများကို အလုပ်ပြန်ဆင်းကြောင်း လိမ်လည် စာရင်းတင်ကာ စစ်ကောင်စီထံက ၎င်းတို့၏ လုပ်ခလစာများကိုလည်း ထုတ်ယူလျှက်ရှိကြောင်း ပုဇွန်တောင် မီးရထား စက်ခေါင်းစက်ရုံနှင့် နီးစပ်သူများက ဆိုသည်။
အဆိုပါ ဇွန်တောင်၊ မီးရထား စက်ခေါင်းစက်ရုံ စက်ရုံမှုနှင့် ဦးမြင့်ဦးနှင့်အတူ စက်ရုံပိုင် ပစ္စည်းများထုတ်ရောင်းနေသည့် Non CDM ဝန်ထမ်းများမှာ ဦးမျိုးသိန်း (အလုပ်ရုံစိတ်မှုူး)၊ ဒေါ်စန်းစန်းထွေး(အလုပ်ရုံစိတ်မှုူး – ဂိုဒေါင်မှုူး စတိုတာဝန်ခံ)၊ ဒေါ်တင်တင်လေး (အကြီးတန်းစာရေး)၊ ဦးအောင်သူ (အလုပ်ကြပ်) ငါးဦး တို့ဖြစ်ကြောင်း စက်ရုံဝန်ထမ်းများက ဧရာ၀တီတိုင်းမ်သတင်းဌာနကို တဆင့်ပြန်လည် ပြောကြားချက် အရ သိရသည်။
ဓာတ်ပုံ- မီးရထား စက်ခေါင်းစက်ရုံ စက်ရုံမှုနှင့် ဦးမြင့်ဦးနှင့်အတူ ဦးမျိုးသိန်း (အလုပ်ရုံစိတ်မှုူး)၊ ဒေါ်စန်းစန်းထွေး(အလုပ်ရုံစိတ်မှုူး – ဂိုဒေါင်မှုူး စတိုတာဝန်ခံ)၊ ဒေါ်တင်တင်လေး (အကြီးတန်းစာရေး)၊ ဦးအောင်သူ (အလုပ်ကြပ်) တို့ဖြစ်ကြသည်။
#ပုဇွန်တောင်မီးရထားစက်ခေါင်းစက်ရုံ #စက်ရုံမှူး #စက်ရုံပိုင် #သစ်ပင်များ #သံထည်ပစ္စည်းများ #ထုတ်ရောင်း
#Ayeyarwaddy_Times