ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
မေလ ၁၄ ရက်ကပြုလုပ်တဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် အစိုးရသစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ Move Forward ပါတီဉီးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အသွင်ကူးပြောင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း လိုက်ပါတယ်။
တရားဝင် အာဏာရရှိယူချိန်အထိ ညွန့်ပေါင်းအဖွဲ့မှ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေကို ဆင့်ခေါ်ရမယ်လို့ Move Forward ပါတီခေါင်းဆောင်နဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ပီတလင်ဂျာရိုရတ်က ပြောပါ တယ်။
“ပြည်သူတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးပမ်းပြီး လက်တွဲဆောင်ရွက်ဖို့ သံန္နိဌာန်ချထားပါတယ်” လို့ ပီတလင်ဂျာရိုရတ်က ပြောပါတယ်။ အစိုးရအဖွဲ့ရာထူးတွေ ခွဲဝေရယူမှုကို နောက်ပိုင်းမှာ ဖြေရှင်းမယ်လို့ သူက ဆိုပါတယ်။
လျှပ်စစ်ဓာတ်အား၊ စွမ်းအင်စေ◌ျးနှုန်း၊ မိုးခေါင်ရေရှားမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လေထုညစ် ညမ်းမှု၊ စီးပွားရေး၊ အသေးစားလုပ်ငန်းများ၊ မူးယစ်ဆေးပြဿနာ အပါအဝင် ကိစ္စအသီးသီးကိုဖြေရှင်းဖို့ ရည်ရွယ်ကာ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ ၇ ခု ဖွဲ့စည်းဖို့ ပါတီ ၈ ခုနဲ့ဖွဲ့စည်းထားတဲ့ ညွ့န်ပေါင်းအဖွဲ့က သဘောတူညီချက်တစ်ရပ် ရ ရှိခဲ့ပါတယ်။
လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့တွေဟာ အသွင်ကူးပြောင်းရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ပြန်ဖို့ ပုံမှန်အစည်းအဝေးတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
Move Forward ပါတီဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၁၅၁ နေရာ အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူဉီးဆောင်တဲ့ Pheu Thai ပါတီက အမတ်နေရာ ၁၄၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။
ညွန့်ပေါင်းအဖွဲ့က အောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ အနက် ၃၁၃ နေရာ အနိုင်ရရှိခဲ့ပြီး အချိုးကျ ကိုယ်စားပြုစနစ်အရ အမတ်နေရာ ၁၀၀ ခွဲဝေပေးထားရပါတယ်။
ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ပီတလင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့က အမတ်နေရာ ၆၄ နေရာ လို အပ်နေသေးပြီး အစိုးရအဆက်ဆက်က ရွေးကောက်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ က ဝန်ကြီးချုပ်သစ်ကို ရွေး ချယ်ဖို့ ဆုံးဖြတ်မှာဖြစ်ပါတယ်။
ကိုးကား – Bernama
Ref; Thailand’s Mover Forward-led coalition forms transition committee