ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ မြို့နယ်လျှပ်စစ်အင်္ဂျင်နီယာရုံးကို ယမန်နေ့ဇူလိုင်လ ၁၃ ရက်နေ့ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဧရာဝတီဒေါင်းတမာန်ပြောက်ကျားတပ်ဖွဲ့က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ထုတ်ပြန်ထားပါတယ်။

“ပြည်သူတွေထံက မီတာခတိုးမြှင့်ကောက်ခံတာတွေ၊ စစ်ကောင်စီနဲ့ပူးပေါင်းပြီး လက်နက်ပြခြိမ်းခြောက် တာတွေနဲ့ မီတာပုံးတွေဖြုတ်သိမ်းတာတွေ ဆက်လက်မလုပ်ဆောင်ဖို့ သတ်ိပေးတဲ့အနေနဲ့ သတိပေးလိုက်ခြင်းဖြစ်တယ်” လို့ AYA – DAUNG TAMAN တပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါ လျှပ်စစ်ရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ လမ်းများပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် ဧရာဝတီဒေါင်းတမာန် တပ်ဖွဲ့မှ အထိအခိုက်၊ အကျအဆုံးမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်လို့ ဧရာဝတီဒေါင်းတမာန်တပ်ဖွဲ့ဝင်များကထုတ်ပြန်ထားပါတယ်။

ထို့ပြင် AYA – DAUNG TAMAN တပ်ဖွဲ့အနေနဲ့ ၎င်းတို့နဲ့အတူ ပြည်သူများကလည်း အတူပူးပေါင်းပါဝင်ပေးဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါသေးတယ်။