
ဓာတ်ပုံ - တရုတ်စစ်သားများ(ပုံဟောင်း)
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ၂၀၁၆ ခုနှစ် အနုညာတစီရင်ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပြီး အငြင်းပွား ရေပိုင်နက်အတွင်းမှာ တပ်ဖွဲ့တွေ၊ စစ်ရေယာဉ် တွေနဲ့ လေယာဉ်တွေ တိုက်ခိုက်ခံရရင် မဟာမိတ် ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမယ်လို့ သတိပေးလိုက်ပါတယ်။
အငြင်းပွားပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုမှုတွေကြောင့် ဖိလစ်ပိုင်အစိုးရက ၂၀၁၃ ခုနှစ်မှာ တိုင်တန်းခဲ့ပြီးနောက် ကုလသမဂ္ဂ ပင်လယ်ဥပဒေကွန်ဗင်းရှင်းအရ သည်ဟိဂ်မြို့မှာ ဖွဲ့စည်းခဲ့တဲ့ အနုညာတခုံရုံးရဲ့ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်ချမှတ်မှု ခြောက်နှစ်မြောက်နေ့အဖြစ် ဒီကနေ့မှာ မနီလာမြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးက အန်တိုနီဘလင်ကန်ရဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံက အနုညာတကြားနာမှုမှာ မတက်ရောက်ခဲ့ဘဲ ဆုံးဖြတ်ချက်က ရှက်ဖွယ်ဖြစ်ရပ်တစ်ခုဟုဆို ကာ ပယ်ချခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း ဖိလစ်ပိုင်၊ အခြား အာဆီယံနိုင်ငံတွေနဲ့ ရေပိုင်နက်အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။
နိုင်ငံတကာဥပဒေအရ ဆုံးဖြတ်ချက်ကို လိုက်နာဖို့နဲ့ ရန်လိုတဲ့အပြုအမူတွေရပ်စဲဖို့ တရုတ်နိုင်ငံကို ကျွန် တော်တို့ တောင်းဆိုပါတယ် လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်သူပိုင်ရေယာဉ်တွေ၊ လေယာဉ်တွေ အပေါ် လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ပါက ၁၉၅၁ ခုနှစ် အမေရိကန်-ဖိလစ်ပိုင် အပြန်လှန် ကာကွယ်ပေးရေးစာချုပ်အရ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး ကတိကဝတ်တွေကို တိုက်ခိုက်မှုဖြစ်လာမယ်လို့ ဘလင် ကန်က ဆိုပါတယ်။
ရေအောက်ဓာတ်ငွေ့နဲ့ရေနံ ကြွယ်ဝမည်ဟု ယူဆရပြီး နှစ်စဉ် ဒေါ်လာ ၅ ထရီလီယံတန်ကြေးရှိ ကုန်စည် တွေကို ပို့ဆောင်နေတယ်လို့ ခန့်မှန်းရတဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ဖိလစ်ပိုင်အပြင် ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဘရူနိုင်းတို့လည်း ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အင်းနရစ်မာနာလိုက အနုညာတစီရင်ဆုံးဖြတ်ချက်က အငြင်းပွားဒေသ မှာ အစိုးရသစ်ရဲ့ မူဝါဒနဲ့ဆောင်ရွက်ချက်တွေအတွက် မဏ္ဍိုင်တစ်ခု ဖြစ်လာမယ်လို့ ပြောကြားပြီး ဆုံးဖြတ်ချက် ထိခိုက်စေမယ့် ကြိုးပမ်းမှုတွေကို ပယ်ချလိုက်ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; U.S. warns it will defend ally if China breaks sea ruling