ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်

ဇွန်လအတွင်း ပထမဆုံးသော စစ်ဘက်ဆိုင်ရာ သူလျှိုဂြိုဟ်တုတစ်စင်း လွှတ်တင်မယ့်အစီအစဉ်ကို မြောက်ကိုရီးယားနိုင်ငံက ယနေ့ အတည်ပြုခဲ့ပြီး အခုလုပ်ရပ်ဟာ အမေရိကန်နိုင်ငံရဲ့ တောင်ကိုရီးယားနဲ့ အဆင် အခြင်မဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စောင့်ကြည့်ရာမှာ အရေးကြီးပါတယ်လို့ ဆိုပါတယ်။

မေလ ၃၁ ရက်နဲ့ ဇွန် ၁၁ ရက်ကြား သူလျှိုဂြိုဟ်တုတစ်စင်း လွှတ်တင်မယ့်အစီအစဉ်နဲ့ ပင်လယ်ဝါ၊ အ ရှေ့တရုတ်ပင်လယ်နဲ့ ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းရှိ ရေပိုင်နက်ကို သက်ရောက်မှုရှိနိုင်တယ်လို့ မြောက်ကိုရီးယားက ဂျပန်နိုင်ငံကို အကြောင်းကြားပြီး နောက်တစ်ရက်မှာ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဂျပန်ပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ဂြိုဟ်တု သို့မဟုတ် အပျက်အစီးမှန်သမျှကို ပစ်ချဖို့ ကိုယ်ပိုင်ကာ ကွယ်ရေးတပ်ဖွဲ့ကို အမိန့်ပေးထားတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူဟာမာဒါက ပြောပါတယ်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယား အကြီးတန်း စစ်ဘက်အ ရာရှိ ရီပြောင်ချိုလ်က နိုင်ငံပိုင်ရုပ်သံမှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အစကတည်းက မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားရှိ ပစ်မှတ်တွေနဲ့ အမေရိကန် ပြည်ပအထိ ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် ဒုံးကျည် အစင်း ၁၀၀ ခန့် စမ်းသပ်ပစ် လွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တွေဟာ မဟာမိတ်ထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားနယ်စပ်အနီးမှာ ပမာဏကြီးမားသော ကျည်အစစ်အသုံးပြုတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တု လွှတ်တင်ရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ပိတ်ပင်ထားတဲ့ တာဝေးပစ်ဒုံးကျည်နည်းပညာကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အဆင့်မြင့် စစ်လက်နက်တွေထုတ်လုပ်ဖို့ လူသိရှင်ကြား ညွှန်ကြားထားပြီး သူလျှိုဂြိုဟ်တုစနစ် တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။

ကျူးကျော်လာတဲ့ ရန်သူတွေကို တိုက်ခိုက်နိုင်ဖို့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ၊ နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောတွေ၊ အသံထက်မြန်သောဒုံးကျည်တွေနဲ့ ဘက်စုံသုံး ဒုံးကျည်ထိပ်ဖူးတွေ အဆင့်မြင့်မြင့် ထုတ် လုပ်နိုင်ရေး ကြိုးပမ်းကြဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယား အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။

ကိုးကား – The Asahi Shimbun
Ref; N. Korea says it will launch its first military spy satellite in June

#Ayeyarwaddy_Times