ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်

ယူကရိန်းက အီရန်နိုင်ငံအပေါ် နှစ် ၅၀ ကြာအောင် ဒဏ်ခတ်အရေးယူမယ့် ဥပဒေကြမ်းတစ်ရပ်ကို သမ္မတ ဇီလန်စကီးက တင်သွင်းလိုက်တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံက ရုရှားသို့ စစ်လက်နက်တွေ ပေးပို့တာကြောင့် ယူကရိန်းက အခုလို ဒဏ်ခတ်အရေးယူဖို့ လုပ်ဆောင်ရတာလို့ သမ္မတရုံး အကြီးအကဲ အန်ဒရေယာမတ်ခ်က မေလ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အီရန်က ရု ရှားသို့ ရာနဲ့ချီတဲ့ မောင်းသူမဲ့လေယာဉ်တွေ အပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်လိ့ ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံတွေက ပြောပါတယ်။

ရုရှားသို့ စစ်လက်နက်တေွ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ ယူကရိန်းနဲ့ အနောက်မဟာမိတ်တွေရဲ့ စွပ်စွဲ ချက်တွေကို အီရန်နိုင်ငံက ပယ်ချခဲ့ပါတယ်။

ယူကရိန်းလွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုပါက အီရန်ကုန်စည်တွေ ယူကရိန်းမှတစ်ဆင့် တင်ပို့ ခွင့်ရတော့မှာမဟုတ်သလို အီရန်အစိုးရနဲ့ နိုင်ငံသားတွေအပေါ် ကုန်သွယ်ရေး၊ဘဏ္ဍာရေးနဲ့ နည်းပညာဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ရုရှားနိုင်ငံက အီရန်လုပ် ဒရုန်း ၅၄ စင်း အသုံးပြုကာ ယူကရိန်းနိုင်ငံကို တိုက်ခိုက်ခဲ့ပေမယ့် ဒရုန်း ၅၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့
ယူကရိန်းက ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Ukraine’s Zelenskiy introduces Iran sanctions bill

#Ayeyarwaddy_Times