ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးလက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတိပေးစာထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဘက်ရဲ အမှတ် ၂ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကို မေလ ၂၇ရက်က ကြံခင်းမြို့နယ် ပြည့်သူကာကွယ်ရေး အဖွဲ့က သတိပေးစာတစ်စောင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ကြံခင်းမှာတော့ သိန်းထွန်းတစ်ယောက်မှမဟုတ်ဘူး၊ ခုစစ်တပ်ကခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေအကုန်က အရင်က ရဲသတင်းပေး၊ မဘသ၊ ကြံဖွံပါတီအမာခံတွေ ကိုတိုက်ရိုက်ခန့်ထားတာ။ သူတို့လူတစ်ပိုင်းဖြစ်နေတာ ပြည်သူကို စစ်ကောင်စီထက်ပိုတောင်ဖိနိပ်နေသေးတယ်။ PDF က သတိပေးရင်တော့ သူကတော်တော်ဆိုးလို့ဖြစ်မယ်နူတ်ထွက်လိုက်တာပိုကောင်းမယ် “လို့ ကြံခင်းမြို့မှာနေထိုင်သူတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ဦးသိန်းထွန်းဟာ စစ်ကောင်စီအလိုကျပြည်သူများအပေါ် ဖိနှိပ်ကာအာဏာပြခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်အတွက် ကြံခင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက်ကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါ သတိပေးထုတ်ပြန်အရ ကြံခင်းမြို့နယ်အတွင်းမှ စစ်ကောင်စီအလိုကျ ပြည်သူလူထုအားဖိနှိပ်နေသော အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာရုံးများ၊ စကစ အလိုကျလုပ်ဆောင်နေသောဝန်ထမ်းဆိုးများ၊ စစ်ကောင်စီနှင့်ပူးပေါင်းနေသောအုပ်ချုပ်ရေးအဖွဲ့များ ၊ သတင်းပေးများနှင့် ဒေါက်တိုင်များကိုလည်း ကြံခင်းမြို့နယ်(ပကဖ)က သတိပေးထားပါတယ်။

သတိပေးထုတ်ပြန်သည့်အချိန်မှစ၍ လိုက်နာမှုမရှိပါက ပြင်းထန်စွာအပစ်ပေး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြံခင်းမြို့နယ်(ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#ကြံခင်းမြို့ #ပြည်သူများပေါ် #အာဏာပြခြိမ်းခြောက်နေသည့် #ရပ်ကွက်အုပ်ချုပ်ရေးမှူးအား #(ပကဖ)မှသတိပေး
#Ayeyarwaddy_Times