ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်

တူရကီ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ရီစက်တေယက်အာဒိုဂန် အနိုင်ရရှိတယ်လို့ တူရကီ ရွေး ကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

အာဒိုဂန်ဟာ တနင်္ဂနွေနေ့ညနေပိုင်းက အီစတန်ဘူလ်မြို့တော်မှာ
သူ့ကို ထောက်ခံသူတွေရဲ့ရှေ့မှောက် မှာ အောင်ပွဲကို ကြေညာခဲ့ပါတယ်။ “တူရကီနိုင်ငံကို နောက်ထပ် ၅ နှစ် ထပ်မံအုပ်ချုပ်ဖို့ ရွေးချယ်ခဲ့ကြတဲ့ ပြည်သူ တစ်ဉီးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ရှိတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်” လို့ အာဒိုဂန်က ဆိုပါ တယ်။

အာဒိုဂန်ဟာ သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံ နိုင်ငံရေးပါတီ ၆ ခု ပေါင်းစည်းထားတဲ့ မဟာမိတ် အဖွဲ့ရဲ့အကြီးအကဲ ကာမဲလ်ကီလီဒါရိုဂလူကို အဓိက ယှဉ်ပြိုင်ခဲ့ရတာပါ။

အာဒိုဂန်ဟာ ဆန္ဒမဲ ၅၂ ဒသမ ၁၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကာမဲလ်ကီလီဒါရိုဂလူက ဆန္ဒမဲ ၄၇ ဒသမ ၈၄ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ နိုင်ငံပိုင် အနာဒိုလူသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အာဒိုဂန်က နိုင်ငံတည်ငြိမ်ရေး အကောင်းဆုံးရွေးချယ် မှုအဖြစ် သူ့ကို ရွေးချယ်ကြဖို့ မဲဆွယ်ခဲ့ပြီး ဝန်ကြီးချုပ် သို့မဟုတ် သမ္မတအဖြစ် နှစ် ၂၀ စံချိန်တင် တာဝန်ထမ်းဖို့ အရိပ်အမြွက်ထုတ်ဖော်ပြောခဲ့ပါတယ်။

ပင်လယ်နက်မှတစ်ဆင့် ယူကရိန်း လယ်ယာသီးနှံတွေတင်ပို့ဖို့
ကြားဝင်ဆောင်ရွက်မှုကြောင့် အာဒိုဂန် ဟာ လူထုထောက်ခံမှု ရရှိခဲ့ပါတယ်။

ဒါပေမယ့် ကုန်စေ◌ျးနှုန်းကြီးမြင့်မှုနဲ့ ဖေဖော်ဝါရီလအတွင်း မြေငလျင်လှုပ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကနဉီးတုံ့ပြန်မှုတွေလုပ်ဆောင်ရာမှာ နှောင့်နှေးမှုတွေကြောင့် အာဒိုဂန်ဉီးဆောင်တဲ့ အစိုးရအဖွဲ့အပေါ် ဝေဖန် မှုတွေ ရှိခဲ့ပါတယ်။

ကိုးကား – NHK
Ref; Erdogan wins Turkey’s presidential runoff

#Ayeyarwaddy_Times